မိန်းကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အကြောင်းအရာလေးတွေကို ဝေမျှတတ်သူလေးကတော့ Beauty Blogger မလေး နေခြည်ဦးပါ။ သူမဟာ Beauty Blogger အဖြစ်မှ အနုပညာလမ်းကြောင်းကို ရောက်လာသူတစ်ယောက်ဖြစ်ပြီး အချိန်တိုအတွင်းမှာအောင်မြင်လာသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ချီချီရဲ့ပုံစံလေးဟာလည်း အမြဲတမ်းသွက်လက်တက်ကြွနေတာလေးမို့ အကုန်လုံးကချစ်နေရတာပါ။ 

Photo Crd- Nay Chi Oo’s Facebook Account
Photo Crd- Nay Chi Oo’s Facebook Account
Photo Crd- Nay Chi Oo’s Facebook Account

ချီချီ ကြော်ငြာတဲ့ ကုန်ပစ္စည်းတိုင်းဟာလည်း ရောင်းမလောက်အောင် ဖြစ်ရတဲ့အထိ သူမရဲ့ပရိသတ်တွေက အားပေးကြတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း ချီချီတစ်ယောက် အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာဘဲ လေ့ကျင့်ခန်းလေးတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း ချီချီရဲ့ Facebook အကောင့်မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Nay Chi Oo’s Facebook Account
Photo Crd- Nay Chi Oo’s Facebook Account
Photo Crd- Nay Chi Oo’s Facebook Account

ဒါကတော့ ချိုသာလွန်းတဲ့ အပြုံးလေးတွေကြောင့် မကြွေဘဲမနေနိုင်လောက်အောင် ချစ်စရာကောင်းနေတဲ့ နေခြည်ဦးရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ချီချီကလည်း " ပန်းလေးနဲ့ ပဲများမယ်ဆိုပြီး ကိုင်ကြည့်လိုက်တော့မှ

အတုကြီးမှန်းသိသောအခါ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Nay Chi Oo’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။