၁။ သင်နဲ့ပတ်သတ်တဲ့ဟာသလေးတွေ သူပြောနေလိမ့်မယ်။
သင့်ကိုပေးထားတဲ့နာမည်ပြောင်နဲ့စတာ၊ ဒါမှမဟုတ် သင်တို့နှစ်ယောက်ပဲသိတဲ့ ဟာသလေးတွေကိုပြောတာ၊ သင်နဲ့ပတ်သတ်တာတွေ ပြန်ပြောပြီးစနေတတ်တယ်ဆိုရင် သူ့စိတ်ထဲမှာ သင်ကနေရာယူထားပါပြီ။
၂။ သင်နဲ့ပတ်သတ်ပြီးသတိတရရှိနေတတ်တာ။
သင်ကြိုက်တဲ့အစားအစာမြင်ရင်ပြောတာ၊ သင်ကြိုက်တဲ့ အရာတစ်ခုခုကို ကြုံလို့ သတိတရနဲ့သင့်ကိုပြန်ပြောပြတာ၊ ဝယ်ပေးတာမျိုးဆို သူ့စိတ်ထဲမှာ သင်ရှိနေပါပြီ။
၃။ သင်ဘာဖြစ်နေသလဲမေးတတ်တာ။
နေမကောင်းဘူးလား၊ ကျောင်းမှာဒီနေ့ဘယ်လိုလဲ၊ အစရှိသဖြင့် သင့်အကြောင်းတွေကိုစိတ်ဝင်စားမှုပြနေပြီဆို သူဟာသင့်ဘဝထဲဝင်လာချင်နေသူပါ။
၄။ သင့်မမှတ်မိတဲ့အကြောင်းအရာတွေ မှတ်မိနေတတ်တာ။
သူက "မှတ်မိလား" အစချီပြီးစကားပြောလာတဲ့အခါ၊ သင်လုံးဝမေ့နေတဲ့အကြောင်းအရာဖြသ်တဲ့အခါ၊ သူနဲ့ဘယ်တုန်းကပြောခဲ့ပြီး သင်မမှတ်မိဘဲ သူကမှတ်မိနေတဲ့အခါ၊ သေချာပါပြီ၊ သူ့စိတ်ထဲမှာ သင်ကနေရာယူထားပြီးပါပြီ။
၅။ မနက်တိုင်း ညတိုင်း သတ်ိတရနဲ့ messageပို့တာ။
ဒါကတော့ အသိသာကြီးပါ။ မနက်ဆိုသင့်ကို မောနင်းလို့ပြောရမှ၊ ညဆို ဂွတ်နိုက်ပြောပြီးအိပ်ရမှဆိုရင်တော့ သူသင့်ကို Crush နေပါပြီ။
၆။ ကိုယ်နဲ့အမှတ်တရတိုင်းကို သူသတိရနေတာ။
အဲတုန်းကနင်ကဘယ်လိုလေ၊ ဘာဝတ်ထားတာ၊ ငါနဲ့နင်နဲ့ဘယ်လိုစသိတာလေ၊ ဒါမျိုးလေးတွေမှတ်ထားမယ်ဆိုရင်တော့ သူသင့်ကိုသာမန်ထက်ပိုနေတာအမှန်ပါ။
၇။ အပြင်သွားတိုင်းသတိရတာ။
ငါဒီကိုရောက်နေတာ၊ ဘယ်သူနဲ့သွားတာ၊ ဓာတ်ပုံပို့လိုက်မယ်၊ ဒါမျိုးတွေ သင့်ကိုလာပြောနေကြဆိုရင် သူသင့်ကိုစိတ်ထဲမှာရှိနေပါပြီ။
၈။ ပေးတဲ့လက်ဆောင်တွေက ကိုယ့်အတွက်အရမ်းအဓိပါ္ပယ်ရှိနေတာ။
ရယ်ရတဲ့လက်ဆောင်ပဲဖြစ်ဖြစ်၊ ပေါက်တတ်ကရလက်ဆောင်ပဲဖြစ်ဖြစ်၊ သင်နဲ့အရမ်းသက်ဆိုင်ပြီး အဓိပ္ပါယ်အတိအကျရှိတဲ့ လက်ဆောင်ဆိုရင် သူသင့်ကို စိတ်ထဲရှိနေလို့ပါ။
၉။ Msgပို့တဲ့အချိန်ချင်းတိုက်ဆိုင်တာ။
သင်သူ့ကိုစာပို့မယ်လုပ်ရင်း သူကလဲစာပို့ဖို့လုပ်နေတာကိုမြင်တယ်ဆိုရင်၊ သင်စာပို့ခါနီး သူ့ Msgဝင်လာတာမျိုး၊ ငါလဲခုပဲနင့်ကိုပြောတော့မလို့ဆိုတဲ့ အချိန်မျိုးလေးတွေရှိခဲ့ရင် သူသင့်ကို စိတ်ထဲမှာနေရာပေးထားတယ်ဆိုတာ သိပ်သိသာနေပါပြီ။
Source : cosmopolitan
Translated by Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။