ခရမ်းချဉ်သီးဟာ များစွာသော အာဟာရဓာတ်တွေပါဝင်တာကြောင့် နေ့စဉ်လည်းစားသုံးပေးသင့်တဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။
ပုံမှန် 100 gram ရှိတဲ့ ခရမ်းချဉ်သီးတစ်လုံးမှာဆိုရင်လည်း
Claories:18
Water :95%
Protein :0.9 grams
Crabs 3.9 grams
Sugar :2.6 grams
Fiber :1.2 grams
Fat :0.2 grams တို့ပါဝင်ပြီး ကျန်းမာရေးအတွက် အထောက်အပံ့ပေးနိုင်တဲ့ ဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။
ခရမ်းချဉ်သီးဟာ ကျန်းမာရေးအတွက်လည်း များစွာသော ကောင်းကျိုးများကို ရရှိစေပြီး ခရမ်းချဉ်သီးကို စာသုံးပေးခြင်းဖြင့် ကိုယ်ခံအားတွေကို တိုးပွားစေသလို ခရမ်းချဉ်သီးထဲမှာပါတဲ့ ဓာတ်တွေက အရိုးတွေကိုလည်း သန်မာစေပါတယ်။
ဒါ့အပြင်ခရမ်းချဉ်သီးဟာ အမြင်အာရုံကိုလည်း ကောင်းမွန်စေပြီး ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တွေလည်းပါဝင်ပါတယ်။
အလှအပနဲ့ပတ်သတ်လာရင်လည်း ခရမ်းချဉ်သီးဟာ အသားအရေလှပဖို့အတွက် အထောက်အပံ့များစွာပေးနိုင်ပါတယ်။
ကျန်းမာရေးအတွက်ဆိုရင်လည်း ခရမ်းချဉ်သီးဟာ နှလုံးရောဂါ အန္တရာယ်ကိုလည်း လျှော့ချပေးနိုင်သလို ကျောက်တည်တာတွေကိုလည်း လျော့နည်းစေပါတယ်။
ဒါ့အပြင်ခရမ်းချဉ်သီးဟာ ခေါင်းကိုက်တာတွေကိုလည်း သက်သာစေပြီး ကိုလက်စထရောတွေကိုပါ လျော့နည်းစေကာ သွေးတွေကိုပါ သန့်စင်ပေးနိုင်ပါတယ်။
အကျိုးကျေးဇူးတွေ အများရှိပေးစွမ်းနိုင်တဲ့ ခရမ်းချဉ်သီးကို နေ့တိုင်းစားပေးရအောင်နော် ပရိသတ်ကြီး ။
Source – healthline.com
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။