ညဘက်အိပ်စက်အနားယူကြတဲ့အခါမှာ စောင်မပါပဲ ဖြစ်သလိုအိပ်ကြသူတွေလည်း ရှိသလို စောင်ပါမှ အိပ်တတ်တဲ့သူတွေလည်း ရှိကြပါတယ်။

တကယ်တော့ စောင်ခြုံပြီးအိပ်တာဟာ မိမိကိုယ်ကို လုံခြုံမှုရှိတယ်လို့ ခံစားရစေပြီး ကောင်းကျိုးတွေများစွာကို ရရှိစေပါတယ်။

photo credit - pngtree

ကျွန်ုပ်တို့လူသားတွေဟာ warm blood type အမျိုးအစားထဲမှာပါဝင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်ဟာ နွေးနွေးထွေးထွေးရှိနေဖို့လိုအပ်သလို အိပ်မောကျနေတဲ့အချိန်မှာ ခန္ဓာကိုယ်က ထိန်းချုပ်မှုတွေအကုန်လုံးက ပျောက်ကွယ်သွားတဲ့အတွက် နွေးနွေးထွေးထွေးရှိနေဖို့ စောင်ခြုံထားဖို့လိုအပ်ပါတယ်။

စောင်ဟာ ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးသလို အပြင်ကနေဝင်ရောက်လာနိုင်တဲ့ အအေးဓာတ်တွေကိုပါ ကာကွယ်ပေးတာကြောင့် နွေးနွေးထွေးထွေးလေးနဲ့ အိပ်ရတာ သက်တောင့်သက်သာရှိစေပါတယ်။

ဒါ့အပြင် စောင်တွေဟာ အရေးပြားကို နွေးနွေးထွေးထွေးလေး ဖြစ်စေတာကြောင့် အိပ်တဲ့အခါမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေသလို အိပ်ရတာလုံခြံစိတ်ချမှုအပြည့်အဝရှိတယ်လို့ ခံစားရစေပါတယ်။

photo credit - pngtree

တခါတလေစိတ်ဖိစီးမှုတွေနဲ့ စိုးရမ်းပူပူန်သောကတွေ များတဲ့အခါမှာ အိပ်ပျော်ဖို့အရမ်းကိုခက်ခဲလှပါတယ်။

ဒီချိန်တွေမှာ စောင်ကိုသာခြုံထားမယ်ဆိုရင် စိတ်ပျော်ရွှင်မှုနဲ့ ကောင်းမွန်သောခံစားမှုတွေကို ဖြစ်ပေါ်စေတဲ့ Serotonin ဓာတ်တွေကို တဖြေးဖြေးတိုးလာစေပြီး သင့်ရဲ့ စိတ်ဖိစီးမှုတွေကို လျော့ပါးစေကာ အိပ်ပျော်ဖို့ကို ကူညီပေးနိုင်ပါတယ်။

နိုးလာတဲ့အခါမှာလည်း အိပ်ရေး၀၀အိပ်စက်ခဲ့ရတဲ့အတွက် လန်းလန်းဆန်းဆန်းရှိစေပြီး တစ်နေ့တာကိုအကောင်းမွန်ဆုံး ကျော်ဖြတ်နိုင်စေမှာပါ။

အဲ့တော့ ပရိသတ်ကြီးလည်း ညဘက်အိပ်စက်အနားယူတဲ့အခါမှာ ကောင်းမွန်စွာအိပ်စက်အနားယူနိုင်စေဖို့ မရှိမဖြစ်လိုအပ်တဲ့ စောင်တွေကို ခြုံပြီး အိပ်ကြဖို့ မမေ့ကြနဲ့နော် ။

photo credit - pngtree

Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။