ဘောလုံးဆိုတာ ယနေ့ခေတ်မှာ လူတိုင်းသိသလို အားပေးမှုအများဆုံး အားကစားတွေထဲမှာ နံပါတ်တစ်ချိတ်တဲ့ Sport ပဲဖြစ်ပါတယ်။ လူငယ်တွေလဲ လမ်းထဲမှာ ဘောလုံးကန်တက်ကြသလို ကွင်းတွေမှာလဲ သွားကန်ကြတာတွေရှိပါတယ်။ ဘောလုံးနဲ့ ပတ်သတ်လို့ ပြိုင်ပွဲတွေလဲ ကျင်းပလေ့ရှိသလို အားပေးတဲ့ ပရိသတ်တွေကလဲ League ပွဲထွေထက် World Cup ဆို သိသိသာသာ ပိုများပါတယ်။ ဘောလုံးကို အားလဲ ပေးကြသလို ဘောလုံးဆိုတဲ့အားကစား ဖြစ်ပေါ်လာပုံကို ပရိသတ်ကြီး သိကြပါသလား။ အောက်မှာဆိုရင်တော့ ဘောလုံးဆိုတဲ့ အားကစားဖြစ်ပေါ်လာပုံ သမိုင်းကို ဖော်ပြပေးလိုက်ပါတယ်။ 

Photo Credit : FootballHistory
Photo Credit : FootballHistory

လွန်ခဲ့သော နှစ် ၃၀၀၀ တုန်းက Mesoamerican culture တွေမှာ ဘောလုံးလိုကျောက်တုံးတစ်လုံးကို အသင်းတွေနဲ့ ကစားလေ့ရှိတယ်ဆိုတာ တွေ့ရှိရပါတယ်။ ထိုခေတ်အခါက အယူအဆတွေအရ ဘောလုံးဟာ နေကို ပုံဆောင်ပြီး ရှုံးတဲ့အသင်းဘက်က Captain ဟာ နတ်ဘုရားတွေဆီမှာ စတေးခံရတယ်လို့ ပြောဆိုကြပါတယ်။ ဒီကစားနည်းကို Football ရဲ့ Example လို့ပဲပြောလို့ရပါသေးတယ်။ ပထမဆုံးအနေနဲ့ သိရှိကြတဲ့ ဘောလုံးကစားနည်းကိုတော့ ဘီစီ ဒုတိယ နဲ့ တတိယရာစုနှစ် တရုတ်မှာ Cuju ဆိုတဲ့ နာမည်နဲ့ ထွက်ရှိလာခဲ့ပါတယ်။ ကစားပုံကတော့ ယနေ့ခေတ်လိုပဲ ဘောလုံးကို စတုရန်းလို့ ကွင်းမှာ ကစားကြတာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ တရုတ်ကနေ ဂျပန် နဲ့ တခြားသောနေရာတွေကို ပျံံ့နှံံ့သွားပါတယ်။ အဲ့ထက်ရှေးကျတဲ့ ဘောလုံးသမိုင်းကတော့ Ancient Greece နဲ့ Ancient Rome တို့မှာရှိပါတယ်။ 

Photo Credit : FootballHistory
Photo Credit : FootballHistory

လူအများဆုံး ပြောကြတဲ့ Story ကတော့ ဘောလုံးကစားနည်းဟာ ၁၂ရာစုတုန်းက အင်္ဂလန်မှာ စတင်ပေါ်ပေါက်လာတာဖြစ်တယ်လို့ ပြောကြပါတယ်။ အဲ့အချိန်အခါတုန်းက လမ်းတွေနဲ့ မြက်ခင်းတွေပေါ်မှာ ဘောလုံးနဲ့တူတဲ့ ကစားနည်းကို ဆော့ကစားနေခဲ့ကြပြီး ဘောလုံးကို ခြေထောက်နဲ့ကန်လို့ရတဲ့အပြင် လက်သီးနဲပါထိုးလို့ရပါတယ်။ အရင်အခါတုန်းက Football ကစားနည်းဟာ ယနေ့ချိန်ဆော့ကစားတဲ့ Football ထက် များစွာပိုကြမ်းတမ်းပါတယ်။ တချို့ဆိုအသက်တွေပါ ဆုံးရှုံးရတဲ့ထိကို ပြင်းထန်းလွန်ပါတယ်။ ဒါကြောင့်ပဲ နှစ်အတော်အကြာ ဒီကစားနည်းကို မေ့လိုက်ကြပြီးနောက် ၁၇ရာစုမှာတော့ London ရဲ့လမ်းတွေပေါ်မှာ ပြန်လည်ဆော့ကစားခဲ့ကြပါတယ်။ ၁၈၃၅ခုနှစ်မှာတော့ ဒီကစားနည်းကို တားမြစ်လိုက်ပေမယ့် ကျောင်းတွေမှာတော့ ဘောလုံးကစားနည်းကို ထူထောင်ခဲ့ပါတယ်။ အပေါ်ကဖော်ပြသွားတဲ့ ကစားနည်းတွေက ဘောလုံးနဲ့သက်ဆိုင်ပေမယ့်လဲ အဓိက ဘောလုံးကစားနည်းဖြစ်ပေါ်လာတဲ့နေရာကတော့ western Europe ဖြစ်ပြီး အထူးသဖြင့် England မှာ စတင်ပေါ်ပေါက်လာတာဖြစ်ပါတယ်။ 

Photo Credit : FootballHistory
Photo Credit : FootballHistory

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။