ဇာတ်ပို့ ၊ ဇာတ်ရံ တစ်ယောက်ဖြစ်တဲ့ ကေညီ ဟာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ အနုပညာလောကမှာ အကောင်းဆုံးရပ်တည်ထားနိုင်တဲ့ သူပဲဖြစ်ပါတယ်။ ကေညီဟာဆိုရင် ဟာသဇာတ်ရုပ်တွေနဲ့ သဘာဝကျကျ ပီပြင်အောင် အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါဝင်ဆိုရင်လည်း မမှားပါဘူးနော်..။ ဒါ့အပြင် အမြဲလိုလို ပျော်ပျော်ရွှင်ရွှင် နေတတ်ပြီး စိတ်သဘောထားပြည့်ဝတာကြောင့်လည်း ပရိသတ်တွေအပြင် အနုပညာမောင်နှမတွေကပါ ချစ်ခင်နေရတာဖြစ်ပါတယ်။

Photo Credit -K Nyi's fb account
Photo Credit -K Nyi's fb account

ကေညီကတော့ ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကို မွေးထားပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကာ အေးချမ်းတဲ့ဘဝလေးကိုအကောင်းဆုံးဖြတ်သန်းနေထိုင်နေတာပဲဖြစ်ပါတယ်။ အနုပညာကို အထူးဝါသနာကြီးလွန်းတဲ့ ကေညီ ကတော့ မကြာခဏဆိုသလို tik tok ဗီဒီယိုလေးတွေကို ဖော်ပြပေးတာတွေ့ပါတယ်။ယခုမှာဆိုရင်လည်း ကေညီ ကတော့ ပရိသတ်တွေ သဘောကျစေမယ့် ဟာသ tik tok ဗီဒီယိုလေးကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပါတယ်။

Photo Credit -K Nyi's fb account
Photo Credit -K Nyi's fb account

ဒီ tik tok ဗီဒီယိုလေးထဲမှာတော့ ကေညီ က မင်းသား နေတိုး ရဲ့ အသံကိုနောက်ခံထားပြီး ဝင်းဦး acting လေးတွေနဲ့ ပီပီပြင်ပြင်ဆော့ကစားထားတာတွေ့ရပါတယ်။ ဒါ့အပြင် သရုပ်ဆောင်ထားတဲ့ အမူအရာလေးတွေအပြင် ဝတ်စားဆင်ယဉ်တွေကအစ တကယ့်ကို ပီပြင်လွန်းလှပါတယ်နော်..။ ချစ်ပရိသတ်တွေလည်း ဝင်းဦး အမူအရာလေးတွေနဲ့ ရယ်မောပျော်ရွှင်စရာ ကောင်းလောက်အောင်ဆော့ကစားထားတဲ့ ကေညီ ရဲ့ tik tok ဗီဒီယိုလေးကို သဘောကျကြိုက်နှစ်သတ်မယ်လို့ မျှော်လင့်မိပါတယ်။

Photo & Video Credit -K Nyi's fb account

Source - K Nyi's fb account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။