ပရိသတ်ကြီးရေ....ပေါချောလို့လည်း ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေးချောရတနာကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ဗီဒီယိုဇာတ်ကားများ၊ရုပ်ရှင်ကားကြီးများကို အောင်မြင်အောင်ရိုက်ကူးထားနိုင်တဲ့ မင်းသမီးချောတစ်ယောက်ဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ထိုက်ထိုက်တန်တန် ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ပြင်ချောရတနာဟာ သရုပ်ဆောင်ပိုင်းမှာထူးချွန်ရုံသာမက အငြိမ့်ကရာမှာလည်းပါရမီပါပြီး ကျွမ်းကျွမ်းကျင်ကျင်ကနိုင်တဲ့သူဆိုလည်း မမှားပါဘူး။


Photo credit-Chaw Yadanar's Facebook acc
Photo credit-Chaw Yadanar's Facebook acc

ချောရတနာဟာအခုလက်ရှိမှာဆိုရင်သာယာပျော်ရွှင်ဖွယ်အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေးနဲ့သမီးလေးကိုပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ သမီးငယ်လေးဟာလည်း မေမေချောရတနာနဲ့ရုပ်ချင်းအရမ်းဆင်တာဖြစ်ပြီး အရွယ်နဲ့မလိုက်အောင်ကို စကားတီတီတာတာလေးတွေ ပြောတတ်နေပြီးချစ်မွှေးပါတဲ့ သမီးလေးပါနော်။


Photo credit-Chaw Yadanar's Facebook acc
Photo credit-Chaw Yadanar's Facebook acc

ချောရတနာဟာ မိသားစုကိုအချိန်ပေးပြီးဂရုစိုက်တတ်တဲ့သူဖြစ်တာကြောင့် သူမရဲ့မိသားစုလေးဟာလည်း ပျော်စရာကောင်းတဲ့မိသားစုလေးဖြစ်နေတာပါ။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာမှာ "နေမကောင်းသော်လည်း ချစ်စရာကောင်းနေတာအားနည်းချက်" ဆိုတဲ့captionလေးနဲ့ သားအမိနှစ်ယောက်ရဲ့ချစ်စရာကောင်းတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ.... ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Photo credit-Chaw Yadanar's Facebook acc
Photo credit-Chaw Yadanar's Facebook acc

Source-Chaw Yadanar's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။