အကယ်ဒမီမင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုလည်း ရရှိပိုင်ဆိုင်ထားပါတယ်နော်။စိုးပြည့်လေးက အနုပညာအလုပ်တွေကို ဟိုးအရင်ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်လို့ အခုချိန်မှာဆိုရင်တော့ အနုပညာလောကမှာ နေရာတစ်နေရာကနေ ရပ်တည်နေတဲ့ မင်းသမီးလေးဖြစ်ပါတယ်။စိုးပြည့်ကို ချစ်ကြတဲ့ပရိသတ်တွေကတော့ သူမရဲ့လှုပ်ရှားမှုတိုင်းကို တစ်ခဲနက်အားပေးဝန်းရံနေကြတာပါနော်။

Photo Credit:Soe Pyae Thazin's Facebook Account
Photo Credit:Soe Pyae Thazin's Facebook Account
Photo Credit:Soe Pyae Thazin's Facebook Account

စိုးပြည့်လေးက သရုပ်ဆောင်လည်းတော်ပြီး သီချင်းဆိုလည်းအရမ်းကောင်းပါတယ်နော်။စိုးပြည့်သီဆိုထားတဲ့ သီချင်းလေးတွေကိုလည်း ပရိသတ်တွေက နားထောင်ကြပြီး သူမရဲ့ချိုသာတဲ့အသံလေးကို ချီးကျူးနေကြတာဖြစ်ပါတယ်။စိုးပြည့်သဇင်က စိတ်သဘောထားလည်းပြည့်ဝပြီး စကားပြောတာလေးကလည်း နူးညံ့သိမ်မွေ့လို့ လူတိုင်းရဲ့ချစ်ခင်မှုတွေကို ရရှိနေတာဖြစ်ပါတယ်နော်။

Photo Credit:Soe Pyae Thazin's Facebook Account
Photo Credit:Soe Pyae Thazin's Facebook Account

စိုးပြည့်လေးကတော့ မြင်သူတိုင်းရင်ကို အေးချမ်းသွားစေမယ့် အလှတရားလေးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး တစ်နေ့တစ်ခြားလည်း ပိုပိုလှလာပါတယ်နော်။အခုဆိုရင်တော့ စိုးပြည့်က လူငယ်ဆန်ဆန်ဒီဇိုင်းလေးနဲ့ လွတ်လပ်ပေါ့ပါးနေပြီး အရမ်းချစ်စရာကောင်းနေတာဖြစ်ပါတယ်။အရုပ်မလေးလိုအရမ်းချစ်ဖို့ကောင်းနေပြီး အေးချမ်းတဲ့အလှတရားလေးကို ပိုင်ဆိုင်ထားတဲ့ စိုးပြည့်ရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Soe Pyae Thazin's Facebook Account
Photo Credit:Soe Pyae Thazin's Facebook Account
Photo Credit:Soe Pyae Thazin's Facebook Account

Source&Photo Credit:Soe Pyae Thazin's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။