ပရိသတ်တွေရဲ့ အချစ်တော် အကယ်ဒမီမင်းသမီးချောလေး ဖွေးဖွေးကတော့ နာမည်လေးနဲ့ လိုက်ဖက်အောင်ကို ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေအားလုံးက သည်းသည်းလှုပ် အချစ်ပိုနေကြတဲ့ ထိပ်တန်းမင်းသမီးချောလေးပါပဲ..။

ကာရိုက်တာတိုင်းလိုလိုကို ပီပြင်ပိုင်နိုင်တဲ့ သူမရဲ့သရုပ်ဆောင်မှုတွေကြောင့် အသက်ငယ်ငယ်လေးနဲ့ အကယ်ဒမီဆုတွေကိုလည်း (၃)ဆုတိတိ ရရှိထားပြီး သုံးထပ်ကွမ်း ထပ်ဆင့်အကယ်ဒမီ မင်းသမီးလေးအဖြစ် အနုပညာလောကမှာ အောင်မြင်စွာ ရပ်တည်လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်နော်..။


Photo Credit - Amazing Grace
Photo Credit - Amazing Grace

ပရိသတ်ကြီးရေ.. လတ်တလောမှာတော့ ဖွေးစိန်လေးတစ်ယောက် ချစ်စရာကောင်းတဲ့ လင်းပိုင်လေးတွေအတွက် စိတ်မကောင်းဖြစ်နေပြီး ဧရာဝတီလင်းပိုင်လေးတွေကို ဖမ်းဆီးသတ်ဖြတ်နေကြတာတွေနဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်နော်..။

သူမ မမြင်ဖူးသေးတဲ့ လင်းပိုင်လေးတွေကို အရမ်းမြင်ဖူးပြီး ကြည့်ချင်တဲ့အကြောင်းလေးနဲ့ ဧရာဝတီလင်းပိုင်လေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့်အကြောင်းလေးတွေကို ဖွေးစိန်လေးက ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Phway Phway's Fb Page
Photo Credit - Phway Phway's Fb Page

ဧရာဝတီလင်းပိုင်လေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတာ အင်တာနက်တွေ မသုံးဖြစ်ကြဘဲ ဘဝအတွက်ရုန်းကန်နေကြရတဲ့ တံငါသည်တွေ မသိတာက အဆန်းမဟုတ်တဲ့အကြောင်းလေးနဲ့ သိအောင် ဘယ်လိုလုပ်ပြီး အဖြေရှာသင့်လဲဆိုတဲ့ အကြောင်းလေးတွေကို ဖွေးစိန်လေးက ပြောပြထားတာပါ..။

ခရီးတွေထွက်ရင် ဧရာဝတီလင်းပိုင်လေးတွေကို သွားကြည့်ချင်တဲ့ အကြောင်းလေးတွေနဲ့ သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း ပြောပြထားတဲ့ အချစ်တော်ဖွေးစိန်လေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Phway Phway's Fb Page
Photo Credit - Li John Photography

Photo Credit - Phway Phway's Fb Page & Amazing Grace & Li John Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။