ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော စိုပြေမြင့်နဲ့ မင်းသမီးချောလေး ခေးဆက်သွင်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ Forever Groupက ရိုက်ကူးတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများ အောင်မြင်လာခဲ့ကြတဲ့ သူတွေ ဖြစ်ပါတယ် ။ သူတို့နှစ်ယောက်က ကြော်ငြာတွေနဲ့ ဇာတ်လမ်းတွဲတွေ အမြောက်အမြားရိုက်ကူး‌ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိနေတဲ့ ပရိသတ်အချစ်တော်လေးနှစ်ဦးဆိုရင်လည်း မမှားနိုင်ပါဘူးနော် ။ 

Photo credit- Khay Sett Thwin's FB account
Photo credit- Khay Sett Thwin's FB account

စိုပြေမြင့်နဲ့ ခေးဆက်သွင်က အနုပညာအလုပ်တွေကို အတူလုပ်ကိုင်နေကြသလို အရမ်းကိုခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေလည်း ဖြစ်ပါတယ် ။ လတ်တလောမှာတော့ သူတို့နှစ်ယောက်က အနုပညာလှုပ်ရှားမှု အားလပ်တဲ့အချိန်လေးတွေမှာ ပြည်တွင်းခရီးစဥ်တွေကို အပန်းဖြေအဖြစ် သွားရောက်နေတာကိုလည်း တွေ့ရပါတယ်။ မိသားစုဝင်တွေလို အချင်းချင်းရင်းနှီးနေကြတဲ့ စိုပြေမြင့်နဲ့ ခေးဆက်သွင်တို့ကတော့ တစ်ယောက်ကိုတစ်ယောက် စနောက်လေ့ရှိနေတာကိုလည်း တွေ့ရပါတယ်။

Photo credit- Khay Sett Thwin's FB account
Photo credit- Khay Sett Thwin's FB account

ယနေ့မှာတော့ စိုပြေမြင့်နဲ့ ခေးဆက်သွင်ကတို့ သူငယ်ချင်းနှစ်ယောက်က Tiktokမှာ ရေပန်းစားလူကြိုက်များနေတဲ့ သီချင်းလေးနဲ့ စည်းချက်ညီညီ ခေါင်းလေးကို ယိမ်းနွဲ့ကာ ကပြထားတဲ့ အခွီ Tiktokဗီဒီယိုဖိုင်လေးကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ကြည့်မိသူတိုင်း အသည်းယား အချစ်ပိုမိစေလောက်တဲ့ ဗီဒီယိုဖိုင်လေးဖြစ်တာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ပရိသတ်တွေကလည်း စိုပြေမြင့်နဲ့ ခေးဆက်သွင်တို့ နှစ်ယောက်ရဲ့ ဆက်လက်လျှောက်လှမ်းမယ့်အနုပညာလှုပ်ရှားမှုတွေကို အားပေးလိုက်ကြပါဦးနော်။ 

Photo credit- Khay Sett Thwin's FB account
Photo credit- Khay Sett Thwin's FB account

Photo credit- Khay Sett Thwin's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။