ပရိသတ်ကြီးတို့ရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့ မင်းသမီးချောလေး ဘေဘီမောင်ကတော့ ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့လည်း ဖမ်းစားတတ်သူလေးပါနော်..။

သရုပ်ဆောင်ကောင်းတဲ့ ဘေဘီမောင်ကတော့ ဇာတ်ကားတွေအပြင် ကြော်ငြာတွေလည်း ရိုက်ကူးထားပြီး အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေသလို ပွင့်လင်းတဲ့ သူမရဲ့စကားပြောဟန်ပန်လေးတွေနဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေတာလည်း ဖြစ်ပါတယ်..။


Photo Credit - Bunny Oo
Photo Credit - Bunny Oo
Photo Credit - Bunny Oo

ပုရိသပရိသတ်တွေကြား အမြဲရေပန်းစားနေတဲ့ ဘေဘီလေးကတော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ အပြုံးချိုချိုလေးတွေအပြင် မိန်းကလေးတိုင်း အားကျရလောက်အောင် အချိုးအစားပြေပြစ်လှပလွန်းတဲ့ ခန္ဓာကောက်ကြောင်း အလှတွေကြောင့်လည်း ဖက်ရှင်အမျိုးမျိုးမှာ လိုက်ဖက်ပြီး သူမရဲ့အလှတရားတွေက ပေါ်လွင်နေတာလည်း ဖြစ်ပါတယ်..။

အခုတစ်ခါမှာလည်း ဘေဘီလေးတစ်ယောက် ရိုးရှင်းအေးချမ်းပြီး ကျက်သရေရှိလွန်းတဲ့ အဝါရောင်မြန်မာဝတ်စုံဖက်ရှင်လေးကို ဆင်မြန်းထားပြီး လိုက်ဖက်ညီညီ လှသွေးကြွယ်နေတဲ့ သူမရဲ့ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေရဲ့ အချစ်တွေကို ထပ်မံသိမ်းပိုက်လိုက်ပြန်ပါတယ်နော်..။


Photo Credit - Bunny Oo
Photo Credit - Bunny Oo
Photo Credit - Bunny Oo

“နေတတ်ရင် ကျေနပ်စရာလောကကြီးပါ

ကျွန်မလေ မနေတတ် အမှတ်လျှော့ဖြစ်ခဲ့ဖူးတယ်

ခုတော့ ကျွန်မနေတတ်လာပါပြီ အားလုံးကိုချစ်တယ်နော်..” ဆိုပြီး ဘေဘီလေးက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ချစ်စရာပုံရိပ်လေးတွေနဲ့အတူ ရေးသားပြောပြထားပါသေးတယ်နော်..။

ချစ်ရတဲ့ပရိသတ်တွေကလည်း မြန်မာဆန်ဆန်လေးနဲ့ ဆွဲဆောင်မှုရှိစွာ ချစ်စရာကောင်းလွန်းနေတဲ့ မင်းသမီးချောလေး ဘေဘီမောင်ရဲ့ ပုံရိပ်လေးတွေကို နှစ်သက်သဘောကျနေကြတဲ့ အကြောင်းလေးတွေကိုလည်း မှတ်ချက်လေးတွေပေးကာ ရေးသားထားကြပါတယ်နော်..။


Photo Credit - Bunny Oo
Photo Credit - Bunny Oo
Photo Credit - Bunny Oo

Source - Baby Maung's Fb Account

Photo Credit - Bunny Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။