ပရိသတ်ကြီးရေ သေးသေးသွယ်သွယ်ကိုယ်လုံးလေးတွေအပြင် ချစ်စရာကောင်းလွန်းနေတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ မော်လ်ဒယ် သရုပ်ဆောင် ဟန်တီ လေးကိုတော့ သိကြမယ်ထင်ပါတယ်နော်...။လက်ရှိမှာ သူမဟာ အနုပညာလှုပ်ရှားမှု အနေနဲ့ ကြော်ငြာတွေအပြင် သရုပ်ဆောင်အလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး အောင်မြင်မှုတွေ ဒီထက်မက ရရှိအောင်လည်း ကြိုးစားနေသူလေးပါနော်..။ ဒါ့အပြင် ဟန်တီ လေးကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း လူမှုရေးအကျိုးပြု ပရဟိတ လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ပေးတာကိုလည်းတွေ့ရပါတယ်။

Photo Credit -Han Thi's fb account
Photo Credit -Han Thi's fb account

သူမရဲ့ ပြုမူတတ်တဲ့ အမူအကျင့်လေးတွေကြောင့်လည်း ပရိသတ်တွေအပြင် အနုပညာရှင်မောင်နှမတွေရဲ့ အချစ်တွေကို အပြည့်အဝရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဟန်တီလေးက ပရိသတ်တွေအတွက် သူမရဲ့ ချစ်စရာ ပုံရိပ်လေးတွေအပြင် အပျင်းပြေဆော့ကစားထားတဲ့ tik tok ဗီဒီယိုလေးတွေကို အမြဲဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာဆိုရင်လည်း ဟန်တီ က ချစ်စရာကောင်းတဲ့ ကလေးလေး နှစ်ယောက်နဲ့ ဆော့ကစားထားတဲ့ tik tok ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်နော်..။

Photo Credit -Han Thi's fb account
Photo Credit -Han Thi's fb account

ဒီဗီဒီယိုလေးတွေထဲမှာတော့ ဟန်တီ က ကြယ်စင်တို့ ညီမနှစ်ယောက်နဲ့အတူ သီချင်းလေးရဲ့ တီးလုံးလေးတွေအတိုင်း လက်ခုပ်လေးတွေတီးပြီး ချစ်စရာကောင်းလောက်အောင် ဆော့ကစားထားတာဖြစ်ပါတယ်။ ကလေးတွေအပြိုင် ဆော့ကစားနေတဲ့ ဟန်တီလေးကတော့ ဟန်ဆောင်မှုကင်းနေပြီး အသည်းယားစရာကောင်းလောက်ပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ကလေးလေး နှစ်ယောက်နဲ့အပြိုင် လက်ခုပ်လေးတီးပြီး ဆော့ကစားထားတဲ့ ဟန်တီ ရဲ့ tik tok ဗီဒီယိုလေးကို ပြန်လည်ကြည့်ရှု့လို့ရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။

@hanthiofficial

Clap snap! ##hanthi ##tiktok ##withloves ##kids

♬ Clap for frontliners - Teacher Georcelle

Photo & Video Credit -Han Thi's tik tok account

Source - Han Thi's tik tok account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။