ပရိသတ်ကြီးရေ သရုပ်ဆောင်မေကဗျာကတော့ ဗီဒီယိုခေတ်တုန်းကဆိုရင် ဗီဒီယိုဇာတ်ကားတွေအများအပြားကိုရိုက်ကူးခဲ့ပြီး အခုချိန်မှာဆိုရင်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေတာဖြစ်ပါတယ်။မေကဗျာက ကြော်ငြာတွေလည်းအများအပြားရိုက်ကူးနေရပြီး အခုလတ်တလောမှာဆိုရင် အွန်လိုင်းပေါ်မှာ Live လွှင့်ပြီး ပစ္စည်းအမျိုးအစားပေါင်းများစွာကို ကိုယ်တိုင်ရောင်းချနေတာဖြစ်ပါတယ်နော်။

Photo Credit:May Kabyar's Facebook Account
Photo Credit:May Kabyar's Facebook Account
Photo Credit:May Kabyar's Facebook Account

မေကဗျာက သူမရဲ့ကိုယ်ပိုင်စီးပွားရေးလေးကိုလည်း အောင်မြင်တိုးတက်အောင် ကြိုးစားလုပ်ဆောင်နေတာဖြစ်ပြီး အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်နဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ မေကဗျာကို ချစ်ခင်အားပေးကြပြီး သူမရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြတာပါနော်။မေကဗျာကလည်း ရိုးသားပွင့်လင်းပြီး ဖော်ရွေတတ်လို့ လူတိုင်းရဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo Credit:May Kabyar's Facebook Account
Photo Credit:May Kabyar's Facebook Account

ချစ်ရတဲ့မိသားစုလေးနဲ့အတူ အေးအေးချမ်းချမ်းနေထိုင်ပြီး သူမအိမ်လေးရဲ့ဝေယျာဝစ္စတွေကိုလည်း သူမကိုယ်တိုင် လုပ်ဆောင်တာဖြစ်ပါတယ်။အခုဆိုရင်လည်း အရသာရှိမယ့် ဟင်းလျာတွေကို ကိုယ်တိုင်မီးဖိုချောင်ဝင်ပြီး ချက်ပြုတ်နေတာဖြစ်ပါတယ်။သူမချက်ပြုတ်နေတဲ့ အချိန်မှာ Live လွှင့်ပြီး ချစ်ရတဲ့ပရိသတ်တွေနဲ့ စကားတွေပြောခဲ့တာဖြစ်ပါတယ်။ဟင်းတွေအကုန်ကျက်သွားချိန်မှာတော့ ဘုရားဆွမ်းတော်ကို သေသေချာချာကပ်လှူပြီး ကုသိုလ်ယူနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:May Kabyar's Facebook Account
Photo Credit:May Kabyar's Facebook Account
Photo Credit:May Kabyar's Facebook Account

Source&Photo Credit:May Kabyar's Facebook Account

Video Credit:May Kabyar's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။