Project Next မှာဆိုရင်တော့ Revamp ပြုလုပ်ထားတဲ့ Hero ၄ ယောက်ကို ဖော်ပြသွားပြီးပြီဖြစ်ပါတယ်။ ဖော်ပြသွားတဲ့ Hero 4 ယောက်ကတော့ Eduora, Saber, Alucard နဲ့ Miya တို့ဖြစ်ပါတယ်။ အဲ့ Hero ၄ယောက်ထဲက ၂ယောက်ရဲ့ ပြောင်းလဲသွားတဲ့ Ability ကိုတော့ အောက်မှာ ဖော်ပြလိုက်ပါတယ်။ 

Eduora

Superconductor ( Passive Skill ) ဟာဆိုရင်အခုအချိန်မှာတော့ Skill တွေအကုန်လုံးပေါ်ကိုတက်ရောက်သွားပြီးဖြစ်ပါတယ်။ Forked Lightning ( First Skill ) အပေါ် Superconductor ရဲ့ပြောင်းလဲသွားတဲ့ Effect ကတော့ Magic Defense reduction ကနေ Magic Damage အပိုပေးတာပဲဖြစ်ပါတယ်။ 

Electric Arrow ( Second Skill ) အပေါ် Superconductor ရဲ့ ပြောင်းလဲသွားတဲ့ Effect ကတော့ အရင်ကဆို ရန်သူတစ်ယောက်ထဲကိုပဲ Stun ချိန်အကြာကြီး ပေးလို့ရတာကနေ ခုချိန်မှာတော့ ရန်သူ၃ယောက်ထိကို Stun ပေးနိုင်ပြီး သူတို့ကို Magic Defense ပါချပေးပါတယ်။ Stun အချိန်ကတော့ အဓိက ပစ်မှတ်ကို ပိုကြာစေပြီး ဘေးကသူနှစ်ယောက်ကိုတော့ အဓိကပစ်မှတ်ရဲ့ Stun ချိန်လောက် မကြာစေပါဘူး။ 

Thunder's Wrath ( Ultimate Skill ) အပေါ် Superconductor ပြောင်းလဲချက်ကတော့ အရင်ကဆို ရန်သူတစ်ယောက်ထဲကိုပဲ Damage ပိုထိစေတာဖြစ်ပြီး ခုချိန်မှာတော့ ပထမတစ်ချက်မိုးချိုးပစ်ချပြီးတာနဲ့ ဒုတိယတစ်ခေါက်အနေနဲ့ ထပ်ပြီးတော့ မိုးကြိုးပစ်ချမှာဖြစ်ပါတယ်။ အဲ့အခါကျ ဒုတိယတစ်ကြိမ် မိုးကြိုးပစ်ချတဲ့ နေရာမှာရှိတဲ့သူတွေက Damage ထိစေမှာဖြစ်ပါတယ်။ Superconductor Effect မရရှိရင် Ultimate Skill က ရန်သူ Hero တစ်ယောက်ကိုပဲ Damage ပေးမှာဖြစ်ပါတယ်။ အဲ့အပြင် Thunder's Wrath ဟာ အရင်ကလို Creep တွေကို မှားသုံးမမိစေတော့ပဲ Hero တွေကိုသာ သုံးလို့ရမှာဖြစ်ပါတယ်။ 

Saber

Enemy's Bane ( Passive Skill ) ကတော့ အရင်လိုမပြောင်းလဲပဲ ရှိနေအုန်းမှာဖြစ်ပါတယ်။ Flying Sword (First Skill ) ပြောင်းလဲသွားတာကတော့ အရင်က ဓါးလေးချောင်းကနေ ဓါး၅ချောင်းဖြစ်သွားမှာဖြစ်ပါတယ်။ အဲ့အပြင် Saber ဟာ ရန်သူကို Basic Attack ဖြစ်ဖြစ် Skill သုံးလိုက်ရင်ဖြစ်ဖြစ် ဓါးတွေက ရန်သူကို တိုက်ခိုက်မှာဖြစ်ပါတယ်။  

Charge ( Second Skill ) ကိုသုံးလိုက်ပြီးဆိုရင် Saber မှာ enhanced Basic Attack ရရှိသွားမှာဖြစ်ပြီး ခုတ်လိုက်ရင် ရန်သူကို နှေးသွားစေမှာဖြစ်ပါတယ်။ Triple Sweep ( Ultimate Skill ) ကတော့ လေပေါ်မြောက်ပြီး ဓါးနဲ့ခုတ်တာပဲဖြစ်ပေမယ့် နောက်ဆုံးခုတ်တဲ့ခုတ်ချက်ကတော့ Damage နှစ်ဆ ထိမှာဖြစ်ပါတယ်။ Saber Player တွေအတွက်တော့ ကျေနပ်စရာ Revamp လို့ထင်ပါတယ်။  

သတင်းအရင်းမြစ် FANDOM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။