Mobile Legends ရဲ့ Project Next ဟာဆိုရင်တော့ Old Hero တွေကို ယနေ့ Meta ထဲထည့်သွင်းနိုင်အောင် Revamp ပြုလုပ်တာတွေဖြစ်ပြီး တချို့သော Hero တွေရဲ့ Model တွေကိုလဲပြောင်းလဲမယ့် Project ဖြစ်ပါတယ်။ အဲ့ဒီဟာတွေအပြင် တခြားသော effect တွေ Skill တွေနဲ့ Icon တွေစသဖြင့် တော်တော်များများကို အသစ်တဖန်ပြောင်းလဲဖို့လဲပါဝင်ပါသေးတယ်။ အောက်မှာဆိုရင်တော့ Project Next ကဖော်ပြထားပြီးသား အသစ်တွေကို ချပြလိုက်ပါတယ်။  

ပထမဆုံးအနေနဲ့ Revamp ပြုလုပ်လိုက်တဲ့ Hero 4 ကောင်ကို ဖော်ပြထားပါတယ်။ အဲ့Hero ၄ ယောက်ကတော့ Eduora, Saber, Alucard နဲ့ Miya တို့ပဲဖြစ်ပါတယ်။ ဖော်ပြထားတဲ့ Hero ၄ ယောက်မှာ Eduora, Saber နဲ့ Miya တို့ဟာ Model, Entrance Animation, Voiceover, In-game Skill Effects နဲ့ Ability တွေအကုန်ပြောင်းလဲလိုက်ပေမယ့် Alucard ကတော့ ကျန်တာအကုန်အတူတူအသစ်ဖြစ်သွားပေမယ့် Ability အပိုင်းမှာတော့ Passive နဲ့ Ultimate Skill တို့သာ အသစ်ပြောင်းလဲသွားပါတယ်။ သူတို့ရဲ့ပြောင်းလဲသွားတဲ့ Skill တွေကို နောက်အပိုင်းမှာ ဖော်ပြသွားမှာဖြစ်ပါတယ်။  

Project Next Express 3 မှာတော့ Battlefield Effect တွေကို အရင်ကထက် ပိုကြည့်ကောင်းအောင် ပြောင်းလိုက်တာကို ဖော်ပြခဲ့ပါတယ်။ ဖော်ပြတဲ့ထဲမှာ ပါဝင်တာကတော့ Minimap, Target-selected Indicator, Stun Effect Indicator နဲ့ Leveling-up Effect စတာတွေပဲဖြစ်ပြီး ကျန်တာတွေကို ပြောင်းလဲဖို့အစီအစဉ် ရှိပါတယ်။ Mobile Legends ရဲ့ Project Next ဟာဆိုရင်တော့ Player တွေအတွက်တော့ MOBA Game လောကမှာပါ နာမည်ကျော်ကြားဖို့ နောက်ထပ် ခြေလှမ်းကြီး တစ်ခုလို့ ပြောလို့ရပါတယ်။ 

သတင်းအရင်းမြစ် FANDOM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။