ပရိသတ်အချစ်တော် မင်းသားချောလေး ရွှေထူးကတော့ အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ နားဆင်သူတွေအတွက် ရသမျိုးစုံပေးစွမ်းနိုင်တဲ့ သီချင်းကောင်းကောင်းလေးတွေကို ဖန်တီးသီဆိုခဲ့တဲ့ ရွှေထူးက ပရိသတ်တွေရဲ့နှစ်ခြိုက်အားပေးမှုကို အပြည့်အဝရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရွှေထူးက ချစ်ဇနီးချောလေး ရွှေမှုံရတီနဲ့ပါ သီချင်းတွေ အတူတူဖန်တီးနေတာ ဖြစ်ပါတယ်။

Photo Credit-Htoo Khant's FB Acc
Photo Credit-Htoo Khant's FB Acc
Photo Credit-Htoo Khant's FB Acc

အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်နေတဲ့ ရွှေထူးကတော့ သူ့ရဲ့အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် မိသားစုအပေါ်မှာတာဝန်ကျေတဲ့ ရွှေထူးက သူ့ရဲ့မိခင်ဖြစ်သူနဲ့ ညီလေး၊ညီမလေးတွေကိုလည်း စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ ရွှေထူးကတော့ သားလိမ္မာလေးဖြစ်ပြီး အမေဖြစ်သူနဲ့ ရုပ်ချင်းဆင်နေတာလည်း ဖြစ်ပါတယ်။

Photo Credit-Yin Kyay's FB Acc
Photo Credit-Yin Kyay's FB Acc
Photo Credit-Yin Kyay's FB Acc

အခုလည်း ရွှေထူးရဲ့မိခင်ဖြစ်သူက သူမတို့သားအမိနှစ်ယောက်ရဲ့ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ရွှေထူးရဲ့မိခင်ကတော့ သူမရဲ့သားလေးကို အခုချိန်အထိတိုင်အောင် နွေးထွေးတဲ့မေတ္တာတရားတွေနဲ့ ဂရုစိုက်ကြင်နာပေးနေဆဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်၊သရုပ်ဆောင် ရွှေထူးတို့သားအမိနှစ်ယောက်ရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Yin Kyay's FB Acc  

Photo Credit-Yin Kyay's FB Acc
Photo Credit-Yin Kyay's FB Acc
Photo Credit-Htoo Khant's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။