ချစ်ရတဲ့ မိသားစုနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားသူကတော့ သရုပ်ဆောင် မင်းသမီး စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် ဘက်တွင်သာမကဘဲ အဆိုဘက်မှာပါ ထူးချွန်လွန်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့သီချင်းဟောင်းလေးတွေဟာလည်း ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစား နာမည်ကြီးလျက် ရှိနေတာပဲ ဖြစ်ပါတယ်။  

Photo Crd - Sandi Myint Lwin's FB Account
Photo Crd - Sandi Myint Lwin's FB Account
Photo Crd - Sandi Myint Lwin's FB Account

သူမဟာ လက်ရှိမှာလည်း ချစ်ရတဲ့ မိသားစုနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဒီးဒီကိုသာမကဘဲ သူမရဲ့ သမီးလေး ခင်လင်းထင်ကိုပါ ချစ်မ၀ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ ဒီးဒီကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် ပရိသတ်တွေကို သမီးလေးရဲ့ လှုပ်ရှားမှု ဗီဒီယိုလေးတွေ အမြဲ တင်ပေးနေတာလည်း ဖြစ်ပါတယ်။   

Photo Crd - Sandi Myint Lwin's FB Account
Photo Crd - Sandi Myint Lwin's FB Account and Thiha-Lwin's IG Account
Photo Crd - Sandi Myint Lwin's FB Account and Thiha-Lwin's IG Account

အခုမှာလည်း ဒီးဒီရဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်ရဲ့ Instagram Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သမီးလေး မတ်တပ်စရပ်နေတာလေးကို ဗီဒီယိုရိုက်ကူးကာ မှတ်တမ်းတင်ထားတာပဲ ဖြစ်ပါတယ်။ ဖေဖေကလည်း သမီးလေးရဲ့ လှုပ်ရှားမှုလေးတွေကိုကြည့်ပြီး ချစ်မ၀ ဖြစ်နေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် Treasure လေးရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Sandi Myint Lwin's FB Account and Thiha-Lwin's IG Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။