ချစ်ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုန်ရတီကတော့ ယခုလက်ရှိမှာ အဆိုတော် ရွှေထူးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေများစွာရရှိထားတဲ့ သူတို့ နှစ်ဦးက အိမ်ထောင်ရေးမှာလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ အပြန်အလှန်ပေးရင်း လက်တွဲခိုင်မြဲနေတာကိုလည်း တွေ့ရပါတယ်.....။ 

Photo credit- Shwe Mhone Yati's FB account
Photo credit- Shwe Mhone Yati's FB account

ရွှေထူးနဲ့ ရွှေမှုန်တို့က လူငယ်စုံတွဲလေးဖြစ်တာကြောင့် အမြဲRomanticဆန်တာကိုလည်း တွေ့ရပါတယ်နော်။ အဆိုတော် ရွှေထူးက ဇနီးချောလေး ရွှေမှုန်ကို အမြဲဂရုစိုက်ကြင်နာပြီး အလိုလိုက်ကာ အချစ်ပိုနေတာကြောင့် မိန်းကလေး ပရိသတ်အများစုက သူမကို အားကျနေကြတာပါနော်။ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိလက်တွဲနေတဲ့ သူတို့နှစ်ယောက်က အမြဲဆိုသလို လူမှုကွန်ယက်စာမျက်နှာထက်မှာ ကြည်ကြည်နူးနူးပုံရိပ်လေးတွေကို မျှဝေပေးလျက်ရှိနေပြီး ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလာခဲ့ပါတယ်။ 

Photo credit- Shwe Mhone Yati's FB account
Photo credit- Shwe Mhone Yati's FB account

ရွှေမှုန်က မွေးထားတဲ့ ခွေးလေးတွေထဲက သူမနောက်ကို အမြဲလိုက်ပါတက်တဲ့ ခွေးလေးကို ပွေ့ချီကာ ချစ်မဝဖြစ်နေခဲ့တာပါ။ အပြင်သွားဖို့အတွက် ကားပေါ်မှာ ခွေးလေးကို ချီပြီး ရောက်ရှိနေတဲ့ ချစ်ဇနီးချောလေးကို ရွှေထူးက ဓာတ်ပုံလှလှလေး ရိုက်ပေးကာ အချစ်ပိုနေခဲ့တာပဲဖြစ်ပါတယ်။ မျက်နှာမှာ ဘာမှ မလိမ်းခြယ်ထားပဲ သဘာဝအတိုင်း ချစ်စရာကောင်းလွန်းနေတဲ့ ရွှေမှုန်ရဲ့ ပုံလေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှုပြီး အသည်းယားအချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ 

Photo credit- Shwe Mhone Yati's FB account
Photo credit- Shwe Mhone Yati's FB account
Photo credit- Shwe Mhone Yati's FB account

Photo credit- Shwe Mhone Yati's FB account

Source - Shwe Mhone Yati's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။