ပရိသတ်ကြီးရေ အဆိုတော်လင်းလင်းနဲ့ အဆိုတော်၊သရုပ်ဆောင် ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ အေးအတူပူအမျှနဲ့ လက်တွဲနေထိုင်နေကြတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။ချစ်စရာသမီးလေးနှစ်ယောက်လည်းရှိပြီး ချစ်သုဝေတို့မိသားစုလေးဟာဆိုရင် လူချစ်လူခင်အရမ်းပေါများပါတယ်နော်။လက်ရှိမှာဆိုရင်တော့ ချစ်သုဝေက အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ဆောင်နေတာဖြစ်ပြီး သမီးလေးနှစ်ယောက်ကို သေချာပြုစုပျိုးထောင်ပေးပါတယ်။

Photo Credit:Chit Thu Wai's Facebook Account
Photo Credit:Chit Thu Wai's Facebook Account
Photo Credit:Chit Thu Wai's Facebook Account

ချစ်သုဝေက ကလေးနှစ်ယောက်အမေဖြစ်ပေမယ့်လည်း လှပနုပျိုပြီး အရမ်းချစ်စရာကောင်းနေတဲ့သူလေးဖြစ်ပါတယ်။အဆိုတော်လင်းလင်းကလည်း မိသားစုကို လုံခြုံနွေးထွေးမှုတွေပေးပြီး အမြဲပျော်ရွှင်အောင်ထားပေးနိုင်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။လင်းလင်းနဲ့ချစ်သုဝေက အလှူအတန်းဆိုလည်းရက်ရောကြပြီး ကုသိုလ်ရေးကိုလည်း တက်ညီလက်ညီလုပ်ဆောင်ကြတဲ့ ဇနီးမောင်နှံလေးပဲဖြစ်ပါတယ်။

Photo Credit:Chit Thu Wai's Facebook Account
Photo Credit:Chit Thu Wai's Facebook Account
Photo Credit:Chit Thu Wai's Facebook Account

အခုဆိုရင်လည်း ချစ်သုဝေက"သူငယ်ချင်းအိမ်တက်မှာ ဖေဖေ နဲ့ ကိုလင်းတို့ ကုသိုလ်ယူနိုင်ဖို့ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ခွင့်ရခဲ့တယ်။ဘုန်းဘုန်းဟောကြားတဲ့တရားထူးကိုလည်းနာကြားခွင့်ရခဲ့တယ် သပ္ပါယ်လှတဲ့ ဘုရားခန်းကလည်းကြည်ညိုဖွယ်၊သူငယ်ချင်းမိသားစုရဲ့အလျှံပယ် ဆွမ်းကပ်လှူဒါန်းမှုကလည်း သဒ္ဓါတရားထက်သန်တာအတုယူဖွယ်၊"ဆိုပြီး ရေးသားကာ ချစ်ခင်ပွန်းနဲ့ ဖခင်ကိုယ်စား ကုသိုလ်ယူနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Chit Thu Wai's Facebook Account
Photo Credit:Chit Thu Wai's Facebook Account
Photo Credit:Chit Thu Wai's Facebook Account

Source&Photo Credit:Chit Thu Wai's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။