မင်းသားချောလေး ရှင်မွေလ ကတော့ အနုပညာလောကမှာ အချိန်အတိုတွင်း ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝ ရယူသိမ်းပိုက်နိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ ရှင်မွေလ ဟာ လက်ရှိမှာတော့ ကြော်ငြာတွေအပြင် ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာလည်း ပါဝင်ရိုက်ကူးလာတာကို တွေ့ရပါတယ်။ ဒါ့အပြင် ရှင်မွေလကို ချစ်တဲ့ ပရိသတ်တွေကလည်း နိုင်ငံကျော် အကယ်ဒမီ မင်းသား မြင့်မြတ် နဲ့တူတယ်ဆိုပြီးတော့လည်း ပြောတာကိုတွေ့ရပါတယ်နော်..။

Photo & Video Credit -Shin Mwe La's fb page
Photo & Video Credit -Shin Mwe La's fb page

လတ်တလော MRTV -4 မှာထုတ်လွှင့် ပြသလို့ ပြီးဆုံးခဲ့တဲ့ " ဂျီဟောသူ " ရုပ်သံဇာတ်လမ်းတွဲလေးထဲမှာလည်း အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အထူးစိတ်ဝင်စားမှုကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ရှင်မွေလ က မကြာခဏဆိုသလို အပျင်းပြေဆော့ကစားထားတဲ့ tik tok ဗီဒီယိုလေးတွေကို တင်ပေးတာကိုတွေ့ရပါတယ်။ ယခုမှာဆိုရင်လည်း ရှင်မွေလ က နှုတ်ခမ်းနီမလေးတွေ အသည်းယားလောက်မယ့် tik tok ဗီဒီယိုလေး တင်ပေးလာခဲ့ပြန်ပါနော်...။

Photo & Video Credit -Shin Mwe La's fb page
Photo & Video Credit -Shin Mwe La's fb page

ဒီဗီယိုလေးတွေထဲမှာတော့ ရှင်မွေလက ခေတ်စားခဲ့တဲ့ သီချင်းတွေကိုနောက်ခံထားပြီး မတူတဲ့ အမူအရာလေးတွေနဲ့ နှုတ်ခမ်းနီမလေးတွေ ချစ်အားပိုအောင် ဆော့ကစားထားတဲ့ tik tok ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေးတွေနဲ့လည်း ရှင်မွေလ က " ပျင်းနေမှာစိုးလို့....ပြီးတော့ သတိရလို့ " ဆိုပြီးရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ သီချင်းလေးတွေကို နောက်ခံထားပြီး ဆော့ကစားထားတဲ့ ရှင်မွေလ ရဲ့ဗီဒီယိုလေးတွေကို ကြည့်ရှု့ရင်း အသည်းလေးတွေပေးခဲ့လိုက်ပါဦးနော်..။

Photo & Video Credit -Shin Mwe La's fb page

Source - Shin Mwe La's fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။