MRTV-4 မင်းသားချောလေး ကျော်ထက်ဇော် ကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အချိန်အတိုတွင်း သိမ်းပိုက်ယူနိုင်ခဲ့ပြီး နေရာတစ်ခုကို ရပ်တည်ထားနိုင်ခဲ့ပါပြီနော်။ ကျော်ထက်ဇော် ဟာ လတ်ရှိမှာ ဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးနေရတာ တွေ့ရပါတယ်။ ဒါ့အပြင် အနုပညာလောကမှာ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေသူတစ်ယောက်ပဲဖြစ်ပါတယ်

Photo Credit -Kyaw Htet Zaw's fb account
Photo Credit -Kyaw Htet Zaw's fb account

ကျော်ထက်ဇော် ဟာ တည်ကြည်ခန့်ညားပြီး တစ်မျိုးလေး ဆွဲဆောင်မှုရှိတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲချစ်နေရတဲ့ သူလည်းဖြစ်ပါတယ်။ လတ်တလောမှာဆိုရင် ကျော်ထက်ဇော် က ခရီးတွေဆက်တိုက်ထွက်နေရပြီး သူရောက်ရှိခဲ့တဲ့ နေရာတိုင်းမှာလည်း ပရိသတ်တွေအတွက် ဖော်ပြပေးတာ တွေ့ရပါတယ်။ ယခုမှာဆိုရင်တော့ ရှမ်းပြည်နယ် နောင်ချိူမြို့လေးကို ရောက်ရှိနေတာဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေ အသည်းယားစေမယ့် ပုံရိပ်လေးတွေကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလာခဲ့ပါတယ်။

Photo Credit -Kyaw Htet Zaw's fb account
Photo Credit -Kyaw Htet Zaw's fb account

ဒီပုံလေးတွေထဲမှာတော့ ကျော်ထက်ဇော်က ရှမ်းရိုးရာဝတ်စုံလေးကိုဝတ်ပြီး ပေါက်တူးလေးကိုကိုင်ကာ အထာကျကျ ပို့စ်ပေးနေတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ကျော်ထက်ဇော်က " နေနိုင်ပါ့မလား သဘာဝကို ပိုချစ်တက်အောင် သင်ပေးမယ့်ကျနော်နဲ့ " ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ရှမ်းပြည်နယ် မြောက်ပိုင်းရဲ့ သဘာဝအလှတရားတွေကို နောက်ခံထားပြီး ဓာတ်ဖမ်းထားတဲ့ ကျော်ထက်ဇော်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit -Kyaw Htet Zaw's fb account

Source -Kyaw Htet Zaw's fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။