ပရိသတ်ကြီးရေ....ကြည်နူးအားကျစရာကောင်းတဲ့ မိသားစုဘဝလေးကိုတည်ထောင်ထားတဲ့အနုပညာရှင်ဆယ်လီတွေထဲမှာဆိုရင် သဉ္ဇာနွယ်ဝင်းတို့မိသားစုလေးလည်း အပါအဝင်ဖြစ်ပါတယ်နော်။

သူမဟာ အနုပညာလောကထဲဝင်ရောက်လာချိန်တည်းကတိုင် သူမရဲ့ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ ကလေးဆန်တဲ့အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိခဲ့သူလေးဖြစ်ပါတယ်။


Photo credit-Thinzar Nwewin's Facebook acc
Photo credit-Thinzar Nwewin's Facebook acc

သဉ္ဇာနွယ်ဝင်းဟာ အခုလက်ရှိမှာဆိုရင်အနုပညာအလုပ်တွေ သိပ်မလုပ်တော့ပဲ သူမရဲ့မိသားစုလေးကိုအချိန်ပေးပြီးပျော်ရွှင်နေတာပါနော်။ သဉ္ဇာဟာ ချစ်စရာကောင်းတဲ့သားငယ်လေး Peachနဲ့ သမီးလေး Tulipလေးကိုပါပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ သဉ္ဇာကိုချစ်တဲ့ပရိသတ်တွေကလည်း သဉ္ဇာကိုရော သူမရဲ့မိသားစုလေးကိုပါ အချစ်တွေပိုနေကြရတာပါနော်။


Photo credit-Thinzar Nwewin's Facebook acc
Photo credit-Thinzar Nwewin's Facebook acc

သဉ္ဇာဟာမကြာခဏဆိုသလို သားလေးနဲ့သမီးလေးရဲ့ပုံရိပ်လေးတွေကိုတင်ပေးလေ့ရှိသူပါ။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ "မရေ ညဆိုသားကိုအောက်မှာ မလက်ဆောင်ပေးတဲ့ကားနဲ့သူကကားမောင်းချင်တာ မောင်နှမနှစ်ယောက်ကားလုစီးနေကြတာ မရေ Angela Xie" ဆိုတဲ့captionလေးနဲ့ မောင်နှမနှစ်ယောက် ကားလုစီးနေကြတဲ့ချစ်စရာပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Photo credit-Thinzar Nwewin's Facebook acc
Photo credit-Thinzar Nwewin's Facebook acc

Source-Thinzar Nwewin's Facebook acc

Photo credit-Thinzar Nwewin's Facebook acc

Video Credit-Thinzar Nwewin's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။