ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ ဗီဒီယိုခေတ်ကတည်းက ဗီဒီယိုဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေကို ရရှိလာတာဖြစ်ပါတယ်။ နန်းဆုက သရုပ်ဆောင်လည်းတော်သလို သီချင်းဆိုလည်း အရမ်းကောင်းတာကြောင့် ပရိသတ်တွေကလက်ခံအားပေးကြပြီး သူမရဲ့သီချင်းလေးတွေကိုလည်း အမြဲတမ်းလိုလိုနားထောင်ကြတာကိုလည်း တွေ့ရပါတယ်။

Photo credit- Zaw Myo Htet ( Galaxy )
Photo credit- Zaw Myo Htet ( Galaxy )

နန်းဆုသီဆိုထားတဲ့ အချစ်သီချင်းလေးတွေဟာဆိုရင် လူငယ်ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားပြီး ခံစားချက်နဲ့ထပ်တူကျတဲ့ သီချင်းလေးတွေပါနော်။ နန်းဆုက လက်ရှိမှာလည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး သူမရဲ့ သီချင်းအသစ်လေးဖြစ်တဲ့ အလွမ်းရာသီ သီချင်းအတွက်လည်း အားသွန်ခွန်စိုက်ကြိုးစားနေတာဖြစ်ပါတယ်။ နန်းဆုက ယနေ့မှာတော့ မင်းသားချောလေး မင်းသွေးခန့်နဲ့အတူ MTVထဲက ကြည်နူးစရာပုံရိပ်လှလှလေးတွေကို တင်ပေးလာခဲ့ပါတယ်နော်။

Photo credit- Zaw Myo Htet ( Galaxy )
Photo credit- Zaw Myo Htet ( Galaxy )

နန်းဆုက သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ မင်းသားချောလေးမင်းသွေးခန့်နဲ့အတူ တောင်ပေါ်က ဘုရားစေတီလေးမှာ နှစ်ယောက်သားကြည်ကြည်နူးနူးနဲ့ ဖူးမြော်နေတဲ့ ပုံရိပ်လေးကို တင်ပေးလာပဲဖြစ်ပါတယ်။ တကယ့်စုံတွဲတွေလို လိုက်ဖက်လွန်းတဲ့ သူမတို့ နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေအပြင် " အလွမ်းရာသီ ထဲက ဘုရားဖူးပုံရိပ်တချို့ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ 

Photo credit- Zaw Myo Htet ( Galaxy )
Photo credit- Zaw Myo Htet ( Galaxy )
Photo credit- Zaw Myo Htet ( Galaxy )
Photo credit- Zaw Myo Htet ( Galaxy )
Photo credit- Zaw Myo Htet ( Galaxy )
Photo credit- Zaw Myo Htet ( Galaxy )

Photo credit- Zaw Myo Htet ( Galaxy )

Source - Nansu Yati Soe's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။