ပရိသတ်ကြီးရေ စမိုင်းလ်တို့မိသားစုလေးကတော့ ဘာသာတရားကိုအရမ်းလိုက်စားပြီး ပျော်ရွှင်အေးချမ်းစွာနေထိုင်နေကြတာပဲဖြစ်ပါတယ်။စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်က မကြာသေးခင်လပိုင်းအတွင်းကမှ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်နော်။စမိုင်းလ်တို့ဇနီးမောင်နှံက သမီးလေးနှစ်ယောက်ကိုလည်း ဘာသာတရားနဲ့ပက်သက်ပြီး သေချာသင်ကြားပေးကြပါတယ်။

Photo Credit:စမိုင်းလ် Smile's Facebook Page
Photo Credit:စမိုင်းလ် Smile's Facebook Page
Photo Credit:စမိုင်းလ် Smile's Facebook Page

ပေါ်ရှာနဲ့ကလိုဝီတို့ ညီအစ်မနှစ်ယောက်ကလည်း လိမ္မာရေးခြားရှိကြပြီး အေးဆေးနေတတ်ကြလို့ မိဘနှစ်ပါးအတွက် စိတ်အေးရပါတယ်နော်။စမိုင်းလ်တို့မိသားစုလေးက အလှူအတန်းဆိုလည်း အရမ်းရက်ရောကြပြီး သိန်းပေါင်းများစွာကို မကြာခဏလှူဒါန်းနေကြလို့ ပရိသတ်တွေကလည်း အရမ်းလေးစားနေကြတာဖြစ်ပါတယ်။စမိုင်းလ်တို့ကတော့ အခုရက်ပိုင်းမှာဆိုရင် ကရင်ပြည်နယ် မြဝတီမြို့ကို ရောက်ရှိနေကြတာဖြစ်ပါတယ်။

Photo Credit:စမိုင်းလ် Smile's Facebook Page
Photo Credit:စမိုင်းလ် Smile's Facebook Page

စမိုင်းလ်က ဆယ်ကျော်သက်အရွယ်သမီးလေးနှစ်ယောက်ကို သေချာဆုံးမပေးပြီး အခုဆိုရင်လည်း ဇာတ်တော်ကြီးဆယ်ဘွဲ့အကြောင်း သေချာရှင်းပြနေတာဖြစ်ပါတယ်။သမီးလေးနှစ်ယောက်ကလည်း ဖေဖေနဲ့မေမေရဲ့ဘေးမှာ နေပြီး မေမေရှင်းပြနေတာတွေကို ဂရုတစိုက်နဲ့နားထောင်နေကြတာပါနော်။စမိုင်းလ်တို့မိသားစုလေးကတော့ အေးအေးချမ်းချမ်းနဲ့ နေထိုင်နေကြတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:စမိုင်းလ် Smile's Facebook Page
Photo Credit:စမိုင်းလ် Smile's Facebook Myday
Photo Credit:စမိုင်းလ် Smile's Facebook Myday

Source&Photo Credit:စမိုင်းလ် Smile's Facebook Myday/Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။