ဟန်နာယူရီကတော့ ကိုရီးယားမင်းသမီလေးလို ချစ်စရာကောင်းတဲ့ ပုံစံလေးတွေ အသည်းယားစရာအပြုံးလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေရသူလေးပဲ ဖြစ်ပါတယ်။ ဟန်နာယူရီက မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပေမယ့်လဲ ချစ်စရာကောင်းလွန်းပြီး သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အလှတရား​တွေကြောင့် ပရိသတ်တွေကြား နာမည်ကျော်ကြားေရပန်းစားနေသူလေးပဲ ဖြစ်ပါတယ်။

Photo credit - Hannayuri's FB page
Photo credit - Hannayuri's FB page

ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုရယူထားနိုင်တဲ့ ဟန်နာယူရီကတော့ ယခုမှာ ကြော်ငြာတွေကိုလဲ ရိုက်ကူးနေရသူလေးပဲ ဖြစ်ပါတယ်။ ဟန်နာယူရီ ဟာဆိုရင် ခေတ်ရေစီးကြောင်းအလိုက် ဝတ်စားဆင်ယင်တက်ပေမယ့် ဘုရားသွားကျောင်းတက်အခါတွေမှာတော့ မြန်မာဝတ်စုံလေးတွေနဲ့ အိန္ဒြိရှိရှိပြုမူနေထိုင်တက်သူ တစ်ယောက်ဖြစ်တာမလို့ ပရိသတ်တွေက ဝန်းရံအားပေး ချစ်ခင်လျက်ရှိတာဖြစ်ပါတယ်။

Photo credit - Hannayuri's FB page
Photo credit - Hannayuri's FB page

ယနေ့မှာတော့ ပရိသတ်အချစ်တော်မလေး ဟန်နာယူရီက သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ ဖက်ရှင်လေးကို လိုက်ဖက်ညီစွာဝတ်ဆင်ပြီး သူမရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ ရှမ်းပြည်နယ်လေးမှာ ဓာတ်ဖမ်းထားတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ လှနေတဲ့အပြင် " ကျွန်မတို့ရဲ့ရှမ်းပြည် မိုးရာသီ ဘယ်လောက်တောင်သာယာလိုက်သလဲ" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.။

Photo credit - Hannayuri's FB page
Photo credit - Hannayuri's FB page
Photo credit - Hannayuri's FB page

Source & Photo credit - Hannayuri's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။