ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး အေးဝတ်ရည်သောင်းကတော့ သရုပ်ဆောင်ကောင်းသလို ချစ်စရာလည်းကောင်းသူလေးပဲ ဖြစ်ပါတယ်နော်..။

ကျရာဇာတ်ရုပ်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဖော်နိုင်တဲ့ မအေးသောင်းလေးဟာ ရိုးရှင်းပြီး အေးချမ်းတဲ့အလှတရားတွေအပြင် ချိုမြိန်ပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးလှလှလေးတွေကိုလည်း ပိုင်ဆိုင်ထားသူလေးပါ..။

Photo Credit - Li John Photography
Photo Credit - Li John Photography

မိန်းကလေးတိုင်းအားကျရလောက်ပြီး အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကြောင့်လည်း ပရိသတ်တွေကြား ရေပန်းစားနေတဲ့ မအေးသောင်းလေးကတော့ မြန်မာဝတ်စုံလေးတွေနဲ့လည်း အချစ်ပိုစေသူလေးပါပဲ..။

ရိုးရှင်းအေးချမ်းတဲ့ အလှတရားတွေနဲ့ အမြဲဖမ်းစားတတ်တဲ့ မအေးသောင်းလေးဟာ အခုတစ်ခါမှာလည်း တည်ငြိမ်ပြီး ကျက်သရေရှိလွန်းတဲ့ မဟာဆန်ဆန် အလှတွေနဲ့ မြင်သူတိုင်းကို သဘောကျစေပြန်ပါတယ်နော်..။

Photo Credit - Li John Photography
Photo Credit - Li John Photography

ရွှေထိုင်မသိမ်းလေးကို ဝတ်ဆင်ကာ တော်ဝင်ပြီး တုနှိုင်းမဲ့တဲ့အလှတရားတွေနဲ့ မြင်သူတိုင်းကို အေးချမ်းစွာအချစ်ပိုစေတဲ့ မအေးသောင်းလေးရဲ့ ပုံရိပ်လေးတွေကတော့ တကယ့်ကို မဟာဆန်ဆန်လေး လှသွေးကြွယ်နေတာပါနော်..။

ရွှေနန်းတော်က ရွှေထည်တွေနဲ့ ဒီဇိုင်နာ မျိုးမင်းစိုးက ဖန်တီးချုပ်လုပ်ထားတဲ့ ရွှေထိုင်မသိမ်းလေးကို ပင်ကိုယ်အလှတရားတွေရှိတဲ့ မအေးသောင်းလေးက ဝတ်ဆင်လိုက်တဲ့အခါ ပြီးပြည့်စုံတဲ့ အလှတရားတွေကို ပေါ်လွင်ထင်ရှားစေတာလည်း ဖြစ်ပါတယ်နော်. ။

Photo Credit - Li John Photography
Photo Credit - Li John Photography

Source - Myo Min Soe's Fb Acc

Photo Credit - Li John Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။