ပရိသတ်ကြီးရေ Mrtv4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေနဲ့ရင်းနှီးလာတဲ့ မေမြင့်မိုရ်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားကိုလည်း ရိုက်ကူးထားတာဖြစ်ပါတယ်။မေမြင့်မိုရ်က အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိနေပြီး ပရိသတ်အချစ်တွေနဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာဖြစ်ပါတယ်။မေမြင့်မိုရ်ရဲ့ အနုပညာအရည်အသွေးတွေကိုလည်း ပရိသတ်တွေက သဘောကျကြလို့ အမြဲအားပေးနေကြတာပါနော်။

Photo Credit:Shinn Myat's Facebook Account
Photo Credit:Shinn Myat's Facebook Account
Photo Credit:Shinn Myat's Facebook Account

မေမြင့်မိုရ်ရဲ့ မောင်လေး သျှင်းမြတ်ကလည်း အနုပညာအလုပ်တွေကို လုပ်ဆောင်နေတာဖြစ်လို့ မောင်နှမနှစ်ယောက်ကတော့ အနုပညာလောကရဲ့ကြယ်ပွင့်လေးတွေဖြစ်ကြပါတယ်။မေမြင့်မိုရ်တို့မိသားစုလေးက စည်းစည်းလုံးလုံးနဲ့နွေးထွေးကြပြီး တစ်ယောက်ကိုတစ်ယောက်လည်း အရမ်းချစ်ကြပါတယ်။ခရီးတွေလည်းအတူတူသွားကြပြီး အမြဲပျော်ရွှင်နေကြတဲ့ မေမြင့်မိုရ်တို့မိသားစုလေးကို ပရိသတ်တွေက ချစ်နေရတာပါနော်။

Photo Credit:Shinn Myat's Facebook Account
Photo Credit:Shinn Myat's Facebook Account
Photo Credit:Shinn Myat's Facebook Account

ပရိသတ်တွေကတော့ သျှင်းမြတ်ကိုလည်း အားပေးချစ်ခင်ကြပြီး သူ့ရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို စောင့်ကြည့်နေကြတာဖြစ်ပါတယ်။သျှင်းမြတ်က အစ်မဖြစ်သူ မေမြင့်မိုရ်နဲ့ ရုပ်ချင်းဆင်ပြီး နှစ်ယောက်လုံးက အချောတွေပါနော်။အခုဆိုရင်လည်း မေမြင့်မိုရ်တို့မောင်နှမနှစ်ယောက်က ချစ်ချစ်ခင်ခင်နဲ့ Selfie ဆွဲထားကြတဲ့ပုံလေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:May Myint Mo's Facebook page
Photo Credit:May Myint Mo's Facebook page
Photo Credit:May Myint Mo's Facebook page

Source&Photo Credit:May Myint Mo's Facebook page &Shinn Myat's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။