ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မေသန်းနုကတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်သူတစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်ခဲ့သူလေးပဲဖြစ်ပါတယ်။ အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်ထားနိုင်တဲ့ သူမကတော့ အကယ်ဒမီဆုတွေကို သိမ်းပိုက်ထားနိုင်တဲ့ မင်းသမီးချောလေးတစ်လက်ဖြစ်ပြီး ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ 

PHOTO CREDIT: MIN THAINT Mg Mg 'S FACEBOOK ACC
PHOTO CREDIT: MIN THAINT Mg Mg 'S FACEBOOK ACC

ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာကို ရိုက်ကူးခဲ့တဲ့ စွယ်စုံရအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေတဲ့ မေသန်းနုကတော့ ယနေ့အချိန်ထိနုပျိုလှပနေဆဲဖြစ်ပါတယ်။  သူမရဲ့ သားလေးဖြစ်တဲ့ မင်းသန့်မောင်မောင်ကတော့ မိဘစကားနားထောင်ပြီး သိတတ်လိမ္မာတဲ့ သားလိမ္မာလေးတစ်ယောက်ပဲဖြစ်ပါတယ်။ 

PHOTO CREDIT: MIN THAINT Mg Mg 'S FACEBOOK ACC
PHOTO CREDIT: MIN THAINT Mg Mg 'S FACEBOOK ACC

မင်းသန့်မောင်မောင်ကတော့ ဝါဆိုလပြည့်နေ့လေးမှာ မိဘနှစ်ပါးကို ဦးချကန်တော့ခဲ့ပါတယ်။မင်းသန့်မောင်မောင်ကတော့ " မင်္ဂလာရှိသော ဝါဆို လပြည့်နေ့ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဝါဆိုလပြည့်နေ့လေးမှာ ဖခင်ဖြစ်သူနဲ့ မိခင်ဖြစ်သူကို ဦးချကန်တော့ခဲ့တဲ့ မင်းသန့်မောင်မောင်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

SOURCE : MIN THAINT Mg Mg 'S FACEBOOK ACC

PHOTO CREDIT: MIN THAINT Mg Mg 'S FACEBOOK ACC
PHOTO CREDIT: MIN THAINT Mg Mg 'S FACEBOOK ACC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။