ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေး သန္တာဗိုလ်ကတော့ သရုပ်ဆောင်မော်ဒယ်လ် အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အကယ်ဒမီ မင်းသမီး ချောရတနာရဲ့ တစ်ဦးတည်းသော ညီမလေးပဲဖြစ်ပါတယ်။ 

အစ်မဖြစ်သူရဲ့ အနုပညာအမွေကို ဆက်ခံထားသူမို့ သန္တာဗိုလ်ကလည်း ချောရတနာနဲ့ ရုပ်ချင်းဆင်တဲ့ အပြင် အနုပညာကလည်း အစ်မခြေရာအတိုင်း နင်းနိုင်ပါတယ်နော်။ 

Photo credit - Thandar Bo's Facebook Account

သန္တာဗိုလ်က ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတဲ့အပြင် ဖက်ရှင်ရှိုးပွဲတွေမှာ မပါမဖြစ်တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတဲ့ သန္တာဗိုလ်က သရုပ်ဆောင် မင်းသားချော ကောင်းပြည့်နဲ့လည်း မေတ္တာမျှနေကြပြီး ပျော်ရွှင်ရတဲ့ relationship တစ်ခုကို တည်ဆောက်နေကြပါတယ်။ ကောင်းပြည့်နဲ့ သန္တာဗိုလ်က တွဲတာကြာပြီ ဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု့တွေ အပြည့်နဲ့ ရှေ့ဆက်နေကြတာကိုလည်း တွေ့ရပါတယ်။

Photo credit - Thandar Bo's Facebook Account

သန္တာဗိုလ်က သူမရဲ့ လှုပ်ရှားမှု ပုံရိပ်တိုင်းကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေပြီး ယခုမှာလည်း အထာကျကျပိုစ့်ပေးနေတဲ့ အလန်းစားပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်နော်။ အဖြူရောင်ဖက်ရှင်လေးနဲ့ မိမိုက်လွန်းနေတဲ့ သန္တာဗိုလ်က ပုံရိပ်လေးတွေအပြင် " ရင်ထဲတိုးဝင်လာခဲ့ပါချစ်ခြင်းတရားနဲ့ဝင့်ကြွားစွာ တစ်ပွင့်သောပန်းလိုဆင်မြန်းပါ ချစ်လားဖြေပါ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ 

Photo credit - Thandar Bo's Facebook Account
Photo credit - Thandar Bo's Facebook Account

Source & Photo credit - Thandar Bo's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။