ပရိသတ်ကြီးရေ အဆိုတော်မလေးပိုပိုကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရရှိထားတဲ့ သူတစ်ယောက်ပါနော်။ ကိုယ်ပိုင်ရေးသားထားတဲ့ တေးသီချင်းတွေကို သီဆိုရင်း အနုပညာလောကမှာ အောင်မြင်မှုများစွာနဲ့လျှောက်လှမ်းနေတဲ့ ပိုပိုက ပရိသတ်ချစ်မေတ္တာကို ခံယူနေတဲ့ သူလည်းဖြစ်ပါတယ်။ ပိုပိုက သာယာချိုမြတဲ့ အသံလေးနဲ့ အချစ်သီချင်းတွေကို အများဆုံးသီဆိုလေ့ရှိတာကြောင့် သူမရဲ့ သီချင်းတွေက လူငယ်တွေကြားမှာ ရေပန်းစားလူကြိုက်များနေတာလည်းဖြစ်ပါတယ်နော်.....။

Photo credit - "ပိုပို" FB account
Photo credit - "ပိုပို" FB account

ပိုပိုက လတ်တလောမှာတော့ သီချင်းအသစ်တွေထွက်ရှိဖို့အတွက် ကြိုးစားနေတာလည်းဖြစ်ပါတယ်။ ပိုပိုက ချစ်စရာကောင်းတဲ့ မျက်နှာလေးအပြင် ဖြူစင်တဲ့ စိတ်ထားလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင်အချင်းချင်းကပါ အချစ်ပိုနေကြတာလည်းဖြစ်ပါတယ်။ ပိုပိုက မကြာခဏဆိုသလို သူမရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကို လူမှုကွန်ယက် စာမျက်နှာတွေဖြစ်ကြတဲ့ Facebook, Instagram မှာ တင်ပေးလေ့ရှိသူဖြစ်လို့ ပရိသတ်တွေကလည်း စောင့်မျှော်အားပေးနေကြတာပါနော်.......။

Photo credit - "ပိုပို" FB account
Photo credit - "ပိုပို" FB account

ယနေ့မှာလည်း ပိုပိုက ဖေ့ဘွတ်စာမျက်နှာကနေ ကော်ဖီခွက်လေးကို ကိုင်ကာ အသည်းယား အချစ်ပိုစေလောက်တဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပြီး ချစ်စကားလေးလည်း ဆိုလိုက်ပါသေးတယ်နော်။ ပိုပိုရဲ့ ပုံလေးတွေတိုင်းက ချစ်စရာကောင်းလွန်းနေပြီး " မောင်နဲ့ ပဲ Coffee အတူသောက်ချင်လို့ အသဲလေး ပေးမယ်လေအတူတူ လာသောက်ပေးပါလား " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ 

Photo credit - "ပိုပို" FB account
Photo credit - "ပိုပို" FB account
Photo credit - "ပိုပို" FB account
Photo credit - "ပိုပို" FB account

Source & Photo credit - "ပိုပို" FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။