အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သရုပ်ဆောင်ချစ်ချစ်ဇော်ကတော့ ဗီဒီယိုဇာတ်ကားတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို အချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူမကတော့ အနုပညာမျိုးရိုးရှိသူတစ်ယောက်ဖြစ်ပြီး ညီမဖြစ်သူလင်းဇာနည်ဟာဆိုရင်အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ 

PHOTO CREDIT : CHIT CHIT ZAW ' S FACEBOOK ACC
PHOTO CREDIT : CHIT CHIT ZAW ' S FACEBOOK ACC

ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရယူထားနိုင်ခဲ့တဲ့ သူမကတော့ ခင်ပွန်းသည်နဲ့အတူ ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ သူမတို့ မိသားစုလေးကတော့ ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးနဲ့ အေးချမ်းသာယာပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးပဲဖြစ်ကြပါတယ်။ သူမကတော့ ယခုမှာ ကွယ်လွန်တာတစ်နှစ်နဲ့ရှစ်လပြည့်ပြီဖြစ်ပေမယ့် အရမ်းလွမ်းလို့ ဖခင်ဖြစ်သူရဲ့ အုတ်ဂူလေးဆီကို သွားရောက်ခဲ့ပါတယ်။ 

PHOTO CREDIT : CHIT CHIT ZAW ' S FACEBOOK ACC
PHOTO CREDIT : CHIT CHIT ZAW ' S FACEBOOK ACC

သူမကတော့ " အဖိုးလေးတစ်နှစ်နဲ့ရှစ်လပြည့် တရားသိပေမယ့်တရားမရှိတာလို့ပဲပြောပြောပြောချင်သလိုသာ အပြစ်ပြောကြပါတော့လွမ်းလိုက်တာအရမ်းပါပဲအဖေရယ် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်ချစ်ချစ်ဇော်ရဲ့ အရမ်းလွမ်းလို့ ဖခင်ဖြစ်သူရဲ့ အုတ်ဂူလေးဆီ သွားရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။ 

SOURCE : CHIT CHIT ZAW ' S FACEBOOK ACC

PHOTO CREDIT : CHIT CHIT ZAW ' S FACEBOOK ACC
PHOTO CREDIT : CHIT CHIT ZAW ' S FACEBOOK ACC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။