အမိုက်စားပုံရိပ်လေးတွေနဲ့ ပုရိသတွေရဲ့အသည်းကို ဖမ်းစားထားနိုင်တဲ့မော်ဒယ်မင်းသမီးလေးနွယ်နွယ်ထွန်း ကိုတော့ ပရိသတ်တွေသိကြမယ်လို့ထင်ပါတယ်။ နွယ်နွယ်ထွန်း ကတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ photo shootingတွေအပြင် ကြော်ငြာတွေကိုလည်းရိုက်ကူးထားတာ တွေ့ရပါတယ်။ သူမက ဖြူဖွေးနုဖက်နေတဲ့ အသားအရည်လေးတွေအပြင် သွယ်လျကျစ်လျစ်တဲ့ ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုရှိရှိ လှရက်လွန်းသူလေးပဲဖြစ်ပါတယ်။

Photo Credit - Nwe Nwe Tun' fb account

နွယ်နွယ်ထွန်း ဟာဆိုရင် ဝတ်စားဆင်ယဉ်မှုတွေမှာလည်း မြန်မာဖက်ရှင်ဝတ်စုံလေးတွေထက် အလန်းစားဖက်ရှင်ဝတ်စုံလေးတွေကို ပိုပြီး ဝတ်ဆင်တတ်တာ ကိုတွေ့ရပါတယ်။ ဒါ့အပြင် မကြာခဏဆိုသလို သူမရဲ့ ပရိသတ်တွေအတွက် ရင်ခုန်စရာကောင်းလောက်တဲ့ အလန်းစား ပုံရိပ်လေးတွေကို ဖော်ပြပေးတာတွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း နွယ်နွယ်ထွန်း က သူမကိုလွမ်းနေတဲ့ ချစ်ပရိသတ်တွေအတွက် ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကိုတင်ပေးလာခဲ့ပါတယ်။

Photo Credit - Nwe Nwe Tun' fb account

ဒီပုံလေးတွေ ထဲမှာတော့ နွယ်နွယ်ထွန်း က ကုတင်လေးပေါ်မှာ လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်ဝတ်စုံလေးကို ဝတ်ပြီး ပရိသတ်တွေ အသည်းယားစရာအမူအရာလေးတွေ နဲ့ ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေ နဲ့လည်း နွယ်နွယ်ထွန်း က " စိတ်ကောက်နေတာကို ပစ်ထားတယ်နော်...." ဆိုတဲ့ Caption လေးနဲ့ ရေးသားဖော်ပြထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ရင်ခုန်စရာကောင်းလောက်တဲ့ အချစ်တော်လေး နွယ်နွယ်ထွန်း ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ကြည့်ရှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်...။

Photo Credit - Nwe Nwe Tun' fb account

Photo Credit - Nwe Nwe Tun' fb account

Source - Nwe Nwe Tun's fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။