တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူတူလျှောက်လှမ်းနေကြသူတွေကတော့ အဆိုတော် ရဲရင့်အောင်နဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဧငြိမ်းဖြူတို့ အတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ဝါသနာပါရာ အနုပညာအလုပ်တွေကို တစ်ယောက်နဲ့တစ်ယောက် တိုင်တိုင်ပင်ပင်နဲ့ လုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့အတွဲလေးကို ကြည့်ပြီး ကြည်နူးအားကျနေကြတာလည်း ဖြစ်ပါတယ်။

Photo Crd- A Nyein Phyu’s Facebook Account
Photo Crd- A Nyein Phyu’s Facebook Account
Photo Crd- A Nyein Phyu’s Facebook Account

လတ်တလောမှာလည်း သူတို့နှစ်ယောက်လုံးဟာ အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။ ရဲရင့်အောင်ကလည်း မကြာခင်မှာ သူ့ရဲ့ တေးစီးရီး အသစ်ထွက်ရှိတော့မှာဖြစ်တဲ့အကြောင်းကို ပရိသတ်တွေကို အသိပေးထားတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို အမြဲဝေမျှတင်ဆက်ပေးနေကြတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း ဧငြိမ်းဖြူရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- A Nyein Phyu’s Facebook Account
Photo Crd- A Nyein Phyu’s Facebook Account
Photo Crd- A Nyein Phyu’s Facebook Account

ဒါကတော့ ချစ်သူဧငြိမ်းဖြူနဲ့အတူ အထာကျကျ Tik Tok လေးကို ပထမဆုံးဆော့ကစားထားတဲ့ ရဲရင့်အောင်ရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ဧငြိမ်းကလည်း “ Couple လေး ကြည့်ချင်ပါတယ်ဆိုတဲ့ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်အတူတွဲပြီး Tik Tok ဆော့တာကို မြင်ချင်တဲ့ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- A Nyein Phyu’s Facebook Account and Tik Tok Account 

@anyeinphyu

Couple လေးကြည့်ချင်ပါတယ်ဆိုတဲ့

original sound - anyeinphyu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။