ပရိသတ်ကြီးရေ.....မင်းသမီးချောလေး ဖြူဖြူထွေးကတော့ ဟာသ ဗီဒီယိုလေးတွေနဲ့ လူသိများလာခဲ့ပြီး အကောင်းဆုံးကြိုးစားအားထုတ်မှုတွေကြောင့် အနုပညာလောကမှာ နေရာတစ်ခုကိုရရှိလာတဲ့ မင်းသမီးလေးဖြစ်ပါတယ်။ သူမရဲ့ ရက်ရက်ရောရောလှူဒါန်းတတ်တဲ့ အလှူဒါနတွေကြောင့်လည်း ပရိသတ်တွေက သူမကိုပိုပြီးအချစ်ပိုနေရတာပါနော်။ ဖြူဖြူထွေးဟာ ဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရပေမယ့် သူမရဲ့ရိုးသားဖြူစင်တဲ့ စိတ်လေးကြောင့် အခုဆိုရင်ပြည်သူ့အချစ်တော်အနုပညာရှင်တစ်ယောက်ပါ ဖြစ်နေပြီဖြစ်ပါတယ်။

Photo credit-Amazing Grace
Photo credit-Amazing Grace

ဖြူဖြူထွေးဟာ ကြော်ငြာတွေဆက်တိုက်ဆိုသလိုရိုက်ကူးနေပြီး ကြော်ငြာတွေအတွက်လည်း သူမကိုယ်တိုင်ဇာတ်ညွှန်းရေးကာ အလွှာပေါင်းစုံကအနုပညာရှင်ကြီးတွေနဲ့အတူ ရိုက်ကူးတာလည်းဖြစ်ပါတယ်။ သူမရိုက်ကူးတဲ့ကြော်ငြာတွေဟာဆိုရင်လည်း ဇာတ်လမ်းအမျိုးမျိုးနဲ့ မထပ်ရအောင်ရိုက်ကူးတာဖြစ်ပြီး မတူညီတဲ့ကာရိုက်တာပေါင်းစုံလုပ်ကာရိုက်ကူးတာလည်းဖြစ်ပါတယ်နော်။ ဖြူဖြူထွေးလေးဟာ ဆက်တိုက်ဆိုသလိုအနုပညာအလုပ်တွေ လုပ်ကိုင်နေတာဖြစ်ပြီး သူမရဲ့ရိုက်ကွင်းပုံရိပ်လေးတွေကိုလည်း မျှဝေပေးလေ့ရှိတဲ့သူပါ။

Photo credit-Amazing Grace
Photo credit-Amazing Grace

ဖြူဖြူထွေးဟာ "အခုဆိုရင်လည်းတူတူလျောက်လည်မယ် အိမ်ပိုင်ရင်ထွက်ခဲ့" ဆိုတဲ့ captionလေးနဲ့ မြင်နေကျပုံစံနဲ့ကွဲနေတဲ့ ဖက်ရှင်ဒီဇိုင်းလေးနဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ သူမရဲ့ ပွင့်လင်းရိုးသားတဲ့အပြုံးချိုချိုလေးတွေဟာလည်း ပရိသတ်တွေကိုအချစ်ပိုစေမှာအမှန်ပါပဲနော်။ ကဲ....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Amazing Grace
Photo credit-Amazing Grace

Source-Phyu Phyu Htwe's Facebook acc

Photo credit-Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။