သရုပ်ဆောင်လောကမှာ ကျော်ကျော် ၊ ညီထွဋ်ခေါင် နဲ့ ဆုမြတ်နိုးဦး တို့ သူငယ်ချင်းသုံးယောက်ကတော့ ပရိသတ်ကိုယ်စီတွေနဲ့ အကောင်းဆုံးလျှောက်လှမ်းနေတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း သူတို့ သူငယ်ချင်း သုံးယောက် ကတော့ အပြစ်ပြောစရာမရှိလောက်အောင် ဘယ်လိုဇာတ်ကောင်မျိုးကိုမဆို သဘာဝကျကျ သရုပ်ဆောင်နိုင်တဲ့ သူတွေပဲဖြစ်ပါတယ်။ ကျော်ကျော် ၊ ညီထွဋ်ခေါင် နဲ့ ဆုမြတ်နိုးဦး တို့ သူငယ်ချင်းသုံးယောက်ကတော့ တစ်ယောက် ကို တစ်ယောက် ညီအစ်ကိုမောင်နှမအရင်းတွေလို ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ သူတွေပဲဖြစ်ပါတယ်။

Photo Credit - N.H.K= ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ fb page
Photo Credit - N.H.K= ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ fb page

ဒါ့အပြင် သူတို့ သုံးယောက်ဟာဆိုရင် ပရိသတ်တွေအတွက် ရယ်မောပျော်ရွှင်စရာ ဟာသ ဗီဒီယိုလေးတွေကို အမြဲဖော်ပြပေးပါတယ်။လတ်တလောမှာတော့ သူငယ်ချင်း သုံးယောက်က စိတ်အပန်းဖြေဖို့အတွက် ခရီးတွေထွက်နေတာကို တွေ့ရပါတယ်။ ယခုဆိုရင်တော့ သူငယ်ချင်းသုံးယောက် ရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို သူတို့ရဲ့ ကိုယ်ပိုင် page လေးမှာ တင်ပေးလာခဲ့ပါတယ်။

Photo Credit - N.H.K= ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ fb page
Photo Credit - N.H.K= ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ fb page

ဒီ ပုံလေးတွေထဲမှာတော့ ကျော်ကျော် ၊ ညီထွဋ်ခေါင် နဲ့ ဆုမြတ်နိုးဦး တို့က တောင်ကျချောင်းရေထဲမှာ ပျော်ပျော်ပါးပါး ရေကစားနေတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေ နဲ့ လည်း သူငယ်ချင်းသုံးယောက် က "မြို့ပြမွန်းကျပ်မှုတွေရဲ့အဝေးမှာ ရောက်ရှိနေတဲ့သူငယ်ချင်းများ " ဆိုတဲ့ caption လေးနဲ့ ရေးသားဖော်ပြထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ အရမ်းကို ချစ်ခင်တဲ့ သူငယ်ချင်းသုံးယောက်ရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - N.H.K= ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ fb page

Photo Credit - N.H.K= ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ fb page

Source - N.H.K= ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။