သရုပ်ဆောင်Kညီကတော့ အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့သူလေးပဲဖြစ်ပါတယ်။ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ Kညီကတော့ ဗီဒီယိုဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ Kညီကတော့ ဟာသဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေကိုရယ်မောပျော်ရွှင်အောင် ပြုလုပ်နိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။

PHOTO CREDIT : K NYI ' S FACEBOOK ACC
PHOTO CREDIT : K NYI ' S FACEBOOK ACC

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ Kညီကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လျက်ရှိနေပါတယ်။ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားနိုင်ခဲ့တဲ့ Kညီကတော့ ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ Kညီကတော့ အနုပညာအလုပ်တွေကိုလုပ်ကိုင်လျက်ရှိနေသလို ကိုယ်ပိုင်အကျီဆိုင်လေးကိုလည်း ဖွင့်လှစ်ထားလျက်ရှိပါတယ်။

PHOTO CREDIT : K NYI ' S FACEBOOK ACC
PHOTO CREDIT : K NYI ' S FACEBOOK ACC

Kညီကတော့ ယခုမှာ အလုပ်လုပ်ပြီးရှာဖွေထားတဲ့ ငွေကြေးနဲ့ မိခင်ဖြစ်သူကို လစဥ်သွားရောက်ကန်တော့ခဲ့ပါတယ်။ Kညီကတော့ " ဒီနေ့ အမေ့ကို သွားကန်တော့ တယ် အမေကျန်းမာအသက်ရှည်ပါစေ "ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်Kညီရဲ့ မိခင်ဖြစ်သူကို ကန်တော့နေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

SOURCE : K NYI ' S FACEBOOK ACC

PHOTO CREDIT : K NYI ' S FACEBOOK ACC
PHOTO CREDIT : K NYI ' S FACEBOOK ACC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။