ကျရာဇာတ်ရုပ်မရွေး ပီပြင်ပြောင်မြောက်တဲ့အနုပညာအရည်အချင်းတွေနဲ့ သရုပ်ဆောင်တတ်သူလေးကတော့ မင်းသားချော မြင့်မြတ်ပဲ ဖြစ်ပါတယ် ။ အမိုက်စားတက်တူးတွေနဲ့ ယောက်ျားပီသပြီး ချောမောခန့်ညားနေတဲ့ မြင့်မြတ်က ကလေးတစ်ယောက်ဖေဖေလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် မြင့်မြတ်က စိတ်ထားကောင်းပြီး မာန်မာနကင်းတာကြောင့် လူချစ်လူခင်ပေါများလို့နေတာလည်း ဖြစ်ပါတယ် ။

Photo Credit-Myat Wai Tun's FB Acc
Photo Credit-Myat Wai Tun's FB Acc
Photo Credit-Myat Wai Tun's FB Acc

လက်ရှိမှာတော့ မြင့်မြတ်က ချစ်ရတဲ့ဇနီး၊သားလေးတို့နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေပြီး အိမ်ထောင်ဦးစီးပီသစွာ တာဝန်ကျေပွန်နေတာပဲ ဖြစ်ပါတယ် ။ မြင့်မြတ်က အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်နေသလို သူချစ်ရတဲ့သားလေးကိုလည်း ပြုစုစောင့်ရှောက်နေတာ ဖြစ်ပါတယ် ။ မနေ့ကတော့ မြင့်မြတ်က သူ့ရဲ့အားလပ်ချိန်လေးမှာ မိတ်ဆွေတွေနဲ့ အေးအေးဆေးဆေး အနားယူခဲ့တာလည်း ဖြစ်ပါတယ် ။

Photo Credit-Myat Wai Tun's FB Acc
Photo Credit-Myat Wai Tun's FB Acc
Photo Credit-Myat Wai Tun's FB Acc

မြင့်မြတ်က သာသာယာယာအပန်းဖြေရင်း သီချင်းလေးတစ်ပုဒ် သီဆိုပြခဲ့တာပဲ ဖြစ်ပါတယ် ။ မြင့်မြတ်က အဆိုတော် R ဇာနည်ရဲ့နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ "ရွှေလည်တိုင်"သီချင်းလေးကို အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုပြခဲ့တာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်တော်သလို သီချင်းဆိုလည်းကောင်းတဲ့ မင်းသားချော မြင့်မြတ်ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Myat Wai Tun's FB Story 

Photo Credit-Myat Wai Tun's FB Acc
Photo Credit-Myat Wai Tun's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။