ပရိသတ်ကြီးရေ ဒါရိုက်တာကိုပေါက် နဲ့ ကျော်ကျော်ဗိုလ် တို့ အနုပညာညီအစ်ကိုတွေကတော့ အောင်မြင်မှုတွေကိုယ်စီဖြင့် အနုပညာလောကမှာ နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့တဲ့ သူတွေပဲဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ် ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ကို ပီပြင်​အောင်သရုပ်ဆောင်နိုင်တာကြောင့်လည်း အကယ်ဒမီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာ ကိုပေါက် ကတော့ သရုပ်ဆောင်မှုအပြင် မြန်မာ့ရုပ်ရှင်လောကကို တစ်ထောင့်တစ်နေရာကနေ တိုးတက်အောင် အကောင်းဆုံးကြိုးစားလုပ်ကိုင်နေတဲ့ စွယ်စုံရအနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit - Aung Min Naing's fb account
Photo Credit - Aung Min Naing's fb account

ကျော်ကျော်ဗိုလ် နဲ့ ကိုပေါက် တို့ နှစ်ယောက်ကတော့ သာယာပျော်ရွှင်စရာကောင်းလောက်တဲ့ မိသားစုဘဝတွေကို ရရှိပိုင်ဆိုင်ထားတဲ့ သူတွေပဲ​​ဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာကို အထူးဝါသနာကြီးတဲ့သူတွေဖြစ်တာကြောင့် မကြာခဏ ဆိုသလို tik tokဗီဒီယိုလေးတွေ ဖော်ပြပေးတာတွေ့ရပါတယ်။ လတ်တလောမှာဆိုရင်လည်း ကိုပေါက်တို့ ဇနီးမောင်နှံ နှစ်ယောက်က ကျော်ကျော်ဗိုလ် တို့နဲ့ ရှမ်းပြည်နယ် ကိုအလည်အပတ်သွားရောက်နေတာဖြစ်ပါတယ်။

Photo Credit - Aung Min Naing's fb account
Photo Credit - Aung Min Naing's fb account

ယခုမှာဆိုရင်တော့ ကျော်ကျော်ဗိုလ် နဲ့ ကိုပေါက် တို့ နှစ်ယောက်က ခရီးသွားရင်း ဆိုင်တစ်ဆိုင်မှာစားသောက်နေတဲ့ အချိန်လေးမှာ ရိုက်ထားတဲ့ ဟာသဗီဒီယိုလေး တစ်ခုကို ပရိသတ်တွေ ရယ်မောပျော်ရွှင်သွားအောင် တင်ပေးလာခဲ့ပါတယ်။ ဒီ ဗီဒီယိုလေးထဲမှာတော့ ကိုပေါက် နဲ့ ကျော်ကျော်ဗိုလ် တို့ နှစ်ယောက်က "မာလာရှမ်းကော" ရဲ့ သမိုင်းကြောင်းဖြစ်လာပုံလေးကို ဟာသအနေနဲ့ ​ပြောပြထားတာဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း ကိုပေါက် နဲ့ ကျော်ကျော်ဗိုလ် တို့ရဲ့ ဟာသ ဗီဒီယိုလေးကို သဘောကျကြိုက်နှစ်သတ်မယ်လို့ မျှော်လင့်မိပါတယ်။

Photo Credit - Aung Min Naing's fb account

Source- Aung Min Naing's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။