မင်းသမီးချောလေး ဖြူဖြူထွေးကတော့ အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကမှာ ထွန်းတောက်အောင်မြင်နေတဲ့ ပရိသတ်အချစ်တော်လေးတစ်ယောက် ဖြစ်ပါတယ် ။ ရိုးသားဖြူစင်ပြီး နူးညံ့တဲ့စိတ်ထားကောင်းလေးကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးက အားလုံးကိုဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ်သူလေး ဖြစ်ပါတယ် ။ ဒါ့အပြင် ဖြူဖြူထွေးက ဟန်ဆောင်မှုတဲ့အပြုံးလှလှလေးတွေနဲ့ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်တာ ဖြစ်ပါတယ် ။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Amazing Grace

ဖြူဖြူထွေးက တဖြည်းဖြည်းနဲ့ပိုမိုအောင်မြင်လာသလို အများအပေါ်မှာကူညီတတ်တဲ့ သူမရဲ့လုပ်ရပ်လေးတွေကြောင့်လည်း အားလုံးကချစ်ခင်လေးစားနေရတာ ဖြစ်ပါတယ် ။ အထူးသဖြင့် ဖြူဖြူထွေးက အခုချိန်မှာအလုပ်ပါးနေတဲ့ ဇာတ်ပို့အနုပညာရှင်တွေကို ကြော်ငြာတွေအတူတူခေါ်ရိုက်ပြီး လိုအပ်တဲ့ပစ္စည်းတွေနဲ့ ကန်တော့လေ့ရှိတာ ဖြစ်ပါတယ် ။ သိတတ်လိမ္မာတဲ့ ဖြူဖြူထွေးရဲ့အပြုအမူလေးတွေကို အနုပညာရှင်တွေကလည်း အသိအမှတ်ပြုပြီး ချီးကျူးနေရတာ ဖြစ်ပါတယ် ။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

အခုလည်း ဖြူဖြူထွေးက သူမနဲ့အလုပ်အတူတူတွဲလုပ်တဲ့ ဝါရင့်အနုပညာရှင်တွေကို ရှုတင်ပြီးတာနဲ့ ဆန်၊ဆီ၊ ငွေကြေးတွေနဲ့ကန်တော့ခဲ့တဲ့ ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးမှာတော့ အနုပညာရှင်တွေက ဖြူဖြူထွေးကို ဆုမွန်ကောင်းတွေတစ်ဝကြီးပေးနေကြတာကလည်း ကြည်နူးပီတိဖြစ်စရာကောင်းနေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဆုပေးရင်း ဝမ်းသာမျက်ရည်ကျနေတဲ့ ခင်မို့မို့အေးနဲ့ ဂွမ်းပုံကြီးကိုလည်း ဖြူဖြူထွေးက ပွေ့ဖက်ပြီး နှစ်သိမ့်ပေးခဲ့သေးတာ ဖြစ်ပါတယ် ။ ကဲ ဇာတ်ပို့အနုပညာရှင်တွေကို တရိုတသေကန်တော့ရင်း ပျော်ရွှင်နေတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုလေးကို‌ အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Phyu Phyu Htwe's FB Page

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။