သရုပ်ဆောင် ညီနန္ဒကတော့ ဗီဒီယိုဇာတ်ကားတွေလည်း အများအပြားရိုက်ကူးခဲ့တဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်နော်။ခန့်ညားပြီးယောက်ျားပီသတဲ့ ရုပ်ရည်ကလည်း နှုတ်ခမ်းနီမလေးတွေကို အသည်းစွဲဖြစ်စေခဲ့ပြီး သူ့ခေတ်သူ့အခါမှာ အောင်မြင်မှုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။ညီနန္ဒက အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ပြီး ပရိသတ်အချစ်တွေကို ရရှိနေဆဲဖြစ်ပါတယ်နော်။

Photo Credit:Nyi Nanda's Facebook Account
Photo Credit:Nyi Nanda's Facebook Account
Photo Credit:Nyi Nanda's Facebook Account

ညီနန္ဒက အခုလတ်တလောမှာဆိုရင်တော့ ထောပတ်ထမင်းကို ကိုယ်တိုင်ချက်ပြုတ်ပြီး ရောင်းနေတာဖြစ်ပါတယ်။အရည်အသွေးပြည့်မှီတဲ့ ပါဝင်ပစ္စည်းတွေနဲ့ချက်ပြုတ်တာဖြစ်လို့ ညီနန္ဒရဲ့ ထောပတ်ထမင်းကတော့ ကျန်းမာရေးနဲ့ညီညွှတ်မျှတပါတယ်နော်။ညီနန္ဒရဲ့ ထောပတ်ထမင်းလေးကတော့ အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေရရှိပြီး အနုပညာရှင်တွေနဲ့ ပရိသတ်တွေကလည်း အရမ်းကြိုက်နှစ်သက်ကြပါတယ်။

Photo Credit:Nyi Nanda's Facebook Account
Photo Credit:Nyi Nanda's Facebook Account

ညီနန္ဒက စီးပွားရေးကိုလည်း ကြိုးစားလုပ်ဆောင်ပြီး စိတ်စေတနာကောင်းလို့ လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ ညီနန္ဒရဲ့ ချစ်သမီးလေးက မနက်(၅)နာရီ ထပြီး ဖေဖေ့ကိုကူညီနေတာဖြစ်ပါတယ်။ထောပတ်ထမင်းအော်ဒါကလည်း (၈၂၈)ပွဲဖြစ်လို့ သမီးလေးက ဖေဖေ့ကို ဘေးကနေကူညီပြီး သိတတ်လိမ္မာနေတဲ့ ပုံလေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nyi Nanda's Facebook Account
Photo Credit:Nyi Nanda's Facebook Account
Photo Credit:Nyi Nanda's Facebook Account

Source&Photo Credit:Nyi Nanda's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။