ပြည်သူ့အချစ်တော် မင်းသားချောလေး ကျော်ထက်ဇော် ဟာဆိုရင် ပရိသတ်တွေရဲ့ အချစ်တွေကို အချိန်အတိုတွင်း သိမ်းပိုက်ယူနိုင်ခဲ့ကာ နေရာတစ်ခုကို ရပ်တည်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ကျော်ထက်ဇော် ဟာ လတ်ရှိမှာ ဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးနေရတာ တွေ့ရပါတယ်။ သူပါဝင် သရုပ်ဆောင်ခဲ့တဲ့ " အချစ်ဖွဲ့လေညင်း" ရုပ်သံဇာတ်လမ်းတွဲ လေးကလည်း ပရိသတ်တွေ အထူးအားပေးမှုကို ရရှိခဲ့တာ တွေ့ရပါတယ်။

Photo Credit - Kyaw Htet Zaw's Facebook Account
Photo Credit - Kyaw Htet Zaw's Facebook Account

ကျော်ထက်ဇော် ဟာ တည်ကြည်ခန့်ညားပြီး တစ်မျိုးလေး ဆွဲဆောင်မှုရှိတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းဆွဲချစ်နေရတဲ့ သူလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ ကျော်ထက်ဇော် က ခရီးတွေ ဆက်တိုက် ဆိုသလို သွားရောက်နေပြီး သူရောက်ရှိခဲ့တဲ့ နေရာတိုင်းမှာလည်း ပုံရိပ်လေးတွေကို အမြဲဖော်ပြပေးပါတယ်။ ယခုမှာဆိုရင်လည်း ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင် သူ့ရဲ့ ချစ်စရာကောင်းလောက်တဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Kyaw Htet Zaw's Facebook Account
Photo Credit - Kyaw Htet Zaw's Facebook Account

ဒီပုံလေးတွေထဲမှာတော့ နှုတ်ခမ်းနီမလေးတွေ အသည်းတဖြုတ်ဖြုတ် ကြွေကျသွားရလောက်အောင် ဆွဲဆောင်မှုရှိတဲ့ အမူအရာလေးတွေ နဲ့ ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေနဲ့လည်း ကျော်ထက်ဇော် က "ကျွန်နော်ကို .......ဘယ်ချိန်ထိချစ်မှာလဲ" ဆိုပြီး ပရိသတ်တွေ ကို မေးခွန်းလေးထုတ်ထားခဲ့ပါတယ်နော်...။ ကဲ...ချစ်ပရိသတ်ကြီးရေ မင်းသားချော ကျော်ထက်ဇော် ကို ဘယ်အချိန်ထိ ချစ်မှာလဲဆိုတာကို ပြောပြပေးသွားပါဦးနော်...။

Photo Credit - Kyaw Htet Zaw's Facebook Account

Source- Kyaw Htet Zaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။