ချစ်ရတဲ့ ပရိသတ်ကြီးရေ တက်သစ်စ သရုပ်ဆောင်မင်းသမီးချောလေး ပိုးကြာဖြူခင်နဲ့ အဆိုတော် စိန်လင်းကတော့ ပရိသတ်တွေကို စုံတွဲပုံလေးတွေနဲ့ အံ့အားသင့်သွားရလောက်အောင် လုပ်လိုက်ပြန်ပါပြီနော်။ အနုပညာနယ်ပယ် အသီးသီးတွေမှာ အောင်မြင်မှုတွေ ထိုက်သင့်သလောက်ရရှိထားတဲ့ ပိုးကြာဖြူခင်နဲ့ စိန်လင်းက ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ 

Photo credit - Aroma
Photo credit - Aroma

ပိုးကြာဖြူခင်က သရုပ်ဆောင်ပိုင်းမှာ ပီပြင်ကောင်းမွန်ရုံသာမကပဲ အဆိုပိုင်းမှာလည်း သာယာချိုမြတဲ့ အသံလေးနဲ့ သီဆိုတက်သူပါနော်။ အဆိုတော် စိန်လင်းနဲ့အတူ နယ်ပွဲတွေမှာ သွားရောက်ဖျော်ဖြေရင်း ခင်မင်ခဲ့တဲ့ သူတို့နှစ်ယောက်က ယခုမှာလည်း အနုပညာလှုပ်ရှားမှုတွေကို အတူလက်တွဲကာ လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ် ။ ယခုမှာလည်း Aromaက ရိုက်ကူးတဲ့ Wedding Photo ကို ပိုးကြာဖြူခင်နဲ့ စိန်လင်းတို့က ရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။ 

Photo credit - Aroma
Photo credit - Aroma

လိုက်ဖက်ညီတဲ့ စုံတွဲတွေလို ကြည်ကြည်နူးနူးနဲ့ မြင်တွေ့ရပြီး အဖြူရောင်လေးနဲ့ နှစ်ယောက်လုံးက လှနေကြတာပါနော်။ တကယ်မဂ်လာဆောင်မယ့် စုံတွဲတွေလို လိုက်ဖက်လွန်းတဲ့ ပိုးကြာဖြူခင်နဲ့ စိန်လင်း တို့ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုလေးတွေကို အားပေးကြမယ်မလား ။ 

Photo credit - Aroma

Photo credit - Aroma

Source - Poe Kyar Phyu Khin's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။