ပရိသတ်ကြီးရေ.......မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိသတ်တွေရဲ့အားပေးမှုကို ရရှိလာခဲ့တာဖြစ်ပြီး နာမည်ရလာတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ ပန်းနုသွေးဆိုတဲ့ ဇာတ်ရုပ်လေးနဲ့ပရိသတ်တွေစတင်သတိထားမိလာခဲ့တဲ့မေမြင့်မိုရ်ဟာ အခုလက်ရှိမှာဆိုရင် ရုပ်ရှင်ကားကြီးတွေပါ ဆက်တိုက်ရိုက်ကူးနေရပြီပဲဖြစ်ပါတယ်။ အမြဲအေးအေးလေးနေထိုင်တတ်လေ့ရှိတဲ့ မေလေးဟာသရုပ်ဆောင်ပိုင်းမှာဆိုရင် အပြစ်ပြောစရာမရှိအောင်ကို ကြိုးစားလုပ်ဆောင်တတ်သူလေးဆိုလည်း မမှားပါဘူးနော်။

Photo credit-May Myint Mo's Facebook page
Photo credit-May Myint Mo's Facebook page

မေမြင့်မိုရ်ပါဝင်ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွေဟာဆိုရင်လည်းပရိတ်သတ်တွေကြားမှာအရမ်းရေပန်းစားလေ့ရှိပြီး နာမည်ကြီးတဲ့ဇာတ်ကားကောင်းတွေပဲဖြစ်ပါတယ်။ မေမြင့်မိုရ်ဟာ အနုပညာအလုပ်တွေအပြင်ပရဟိတအလုပ်တွေကိုလည်း လုပ်လေ့ရှိသူဖြစ်ပြီး အနုပညာရှင်အချင်းချင်းကြားမှာလည်း ဆက်ဆံရေးကောင်းမွန်တဲ့သူဖြစ်တာကြောင့် လူချစ်လူခင်ပေါများတဲ့သူလေးပါနော်။ မေလေးဟာမိသားစုကိုလည်းအချိန်ပေးပြီးဂရုစိုက်တတ်တဲ့သူလေးဖြစ်ပြီး မောင်လေးဖြစ်သူရှင်းမြတ်ကလည်း အနုပညာအလုပ်တွေလုပ်ကိုင်နေပြီဖြစ်ပါတယ်နော်။

Photo credit-May Myint Mo's Facebook page
Photo credit-May Myint Mo's Facebook page

မေမြင့်မိုရ်ဟာ အခုလက်ရှိမှာဆိုရင်လည်း အနုပညာအလုပ်တွေကိုဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတာဖြစ်ပြီး အတော်လေးကိုအောင်မြင်မှုရရှိနေတဲ့သူလေးဆိုလည်း မှားမယ်မထင်ပါဘူးနော်။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ "ဘယ်လောက်ဝေးဝေး တွေ့နေရရင်အဆင်ပြေလို့ ကိုယ့်ကမ္ဘာကနေမင်းကိုလွမ်းပြီး ငေးဖြစ်တယ် …"ဆိုတဲ့ captionလေးနဲ့ ပုံလေးတွေတင်ပေးလာပါတယ်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-May Myint Mo's Facebook page
Photo credit-May Myint Mo's Facebook page

Source-May Myint Mo's Facebook page

Photo credit-May Myint Mo's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။