အကယ်ဒမီလွင်မိုးကတော့ သမီးချောလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်နော်။ယွန်းဝတီလွင်မိုးနဲ့ယွန်းနဒီလွင်မိုးတို့ ညီအစ်မနှစ်ယောက်ကလည်း ငယ်ငယ်လေးကတည်းက ကြော်ငြာတွေအတူတူရိုက်ခဲ့ကြတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင် ယွန်းဝတီလွင်မိုးလည်း သားလေးတစ်ယောက်ကို မွေးဖွားထားတဲ့ မိခင်တစ်ယောက်ဖြစ်လို့နေပါပြီနော်။

Photo Credit:Yun Waddy Lwin Moe's Facebook Page
Photo Credit:Yun Waddy Lwin Moe's Facebook Page
Photo Credit:Yun Waddy Lwin Moe's Facebook Page

ယွန်းဝတီလွင်မိုးက အခုဆိုရင်တော့ ဩစတေးလျကိုပြန်သွားပြီး ချစ်ခင်ပွန်းနဲ့အတူ ကျောင်းတက်နေတာဖြစ်ပါတယ်။သားသားလေးနဲ့ကတော့ Video Callတွေပဲပြောပြီး အလွမ်းဖြေနေရတာဖြစ်ပါတယ်နော်။ပရိသတ်တွေကတော့ လွင်မိုးတို့မိသားစုလေးကို အရမ်းချစ်ကြလို့ သူတို့ရဲ့လှုပ်ရှားမှုလေးတွေကို အမြဲစောင့်ကြည့်ပြီး အားပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Yun Waddy Lwin Moe's Facebook Page
Photo Credit:Yun Waddy Lwin Moe's Facebook Page

ယွန်းဝတီလွင်မိုးက သားလေးတစ်ယောက်မွေးဖွားထားတဲ့မိခင်ဖြစ်ပေမယ့် ကလေးအမေလို့တောင် ထင်ရက်စရာမရှိပါဘူးနော်။ခန္ဓာကိုယ်လေးကလည်း သွယ်လျလှပပြီး အရမ်းချစ်စရာကောင်းပါတယ်။အခုဆိုရင်တော့ Liamလေးရဲ့မေမေ ယွန်းဝတီလွင်မိုးက အသည်းယားစရာအမူအရာလေးတွေမျိုးစုံလုပ်ပြီး Selfie ဆွဲထားတဲ့ ဓာတ်ပုံလေးတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Yun Waddy Lwin Moe's Facebook Page
Photo Credit:Yun Waddy Lwin Moe's Facebook Page
Photo Credit:Yun Waddy Lwin Moe's Facebook Page

Source&Photo Credit:Yun Waddy Lwin Moe's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။