ပရိသတ်ကြီးရေ ကိုပေါက်ကတော့ ဇာတ်ပို့ ဇာတ်ရံ တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး ကြိုးစားအားထုတ်မှုတွေကြောင့် ယခုဆိုရင် ဒါရိုက်တာတစ်ယောက်အဖြစ် ရပ်တည်နေခဲ့ပြီလည်းဖြစ်ပါတယ်။ ကိုပေါက် ကတော့ အနုပညာလောကထဲကို အခက်အခဲများစွာနဲ့ ဖြတ်သန်းပြီး ပရိသတ်ရဲ့ရင်ထဲမှာ နေရာတစ်နေရာရရှိအောင် ကြိုးစားလုပ်ကိုင်လာခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ကိုပေါက် ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို အပြည့်အဝရရှိထားတဲ့ ဇာတ်ကားကောင်းတွေပဲဖြစ်ပါတယ်။

Photo Credit - Aung Min Naing's Facebook Account
Photo Credit - Aung Min Naing's Facebook Account

လတ်ရှိမှာတော့ ကိုပေါက်က အရမ်းပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး ဘဝကိုအေးအေးချမ်းချမ်း နဲ့ ဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။ လတ်တလောမှာဆိုရင်လည်း ကိုပေါက် တို့ ဇနီးမောင်နံှ နှစ်ယောက်ကတော့ ရှမ်းပြည်နယ်ကို အပန်းဖြေခရီး သွားရောက်လည်ပတ်နေတာဖြစ်ပါတယ်။ ယခုမှာလည်း ကိုပေါက် က ပရိသတ်တွေအတွက် သူတို့သွားနေတဲ့ ခရီးစဉ်တချို့ရဲ့ အမှတ်တရရိုက်ထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Aung Min Naing's Facebook Account
Photo Credit - Aung Min Naing's Facebook Account

ဒီပုံတွေထဲမှာတော့ အနုပညာညီအစ်ကိုတွေဖြစ်တဲ့ ထွန်းထွန်း ၊ မင်းမော်ကွန်း နဲ့ ကျော်ကျော်ဗိုလ် တို့လည်း ခရီးအတူထွက်တာကိုတွေ့ရပါတယ်။ ဒီပုံလေးတွေနဲ့လည်း ကိုပေါက်က " ဒီနေ့ တောင်ကြီးတက်မယ် စီးမယ် ဖြဲမယ် " ဆိုတဲ့ Caption လေးနဲ့အတူ ရေးသားဖော်ပြထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ အမိုက်စားဆိုင်ကယ်တွေ နဲ့ ရှမ်းပြည်နယ်ကို အပန်းဖြေခရီး သွားရောက်လည်ပတ်နေတဲ့ ကိုပေါက် ရဲ့ ပျော်ရွှင်စရာ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Aung Min Naing's Facebook Account

Source - Aung Min Naing's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။