ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်သရုပ်ဆောင်မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသူလေးပါ..။

မြန်မာဝတ်စုံလေးတွေနဲ့ ရိုးရှင်းအေးချမ်းစွာ လိုက်ဖက်လွန်းလှသလို အမိုက်စားဖက်ရှင်လေးတွေနဲ့လည်း ခပ်မိမိလေးမိမိုက်နေတဲ့ နန်းဆုလေးကိုတော့ ပရိသတ်တွေအားလုံးက အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Alinn Yaung Photography
Photo Credit - Alinn Yaung Photography
Photo Credit - Alinn Yaung Photography
Photo Credit - Zaw Myo Htet (galaxy)

သရုပ်ဆောင်ပိုင်းမှာရော အဆိုပိုင်းမှာပါ အောင်မြင်နေတဲ့နန်းဆုလေးဟာ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အသံချိုချိုအေးအေးလေးနဲ့ သီချင်းကောင်းလေးတွေ သီဆိုတတ်ပြီး လူငယ်ပရိသတ်တွေကြား အမြဲရေပန်းစားနေတာလည်း အားလုံးအသိပါပဲနော်..။

သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲဝေမျှလေ့ရှိတဲ့ နန်းဆုလေးကတော့ အခုတစ်ခါမှာလည်း မော်ဒယ်လ်မင်းသားချောလေး မင်းသွေးခန့်နဲ့အတူ ရိုမန်တစ်ဆန်ဆန်လေး ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို ထပ်မံ ဝေမျှလာပါတယ်နော်..။

Photo Credit - Zaw Myo Htet (galaxy)
Photo Credit - Zaw Myo Htet (galaxy)
Photo Credit - Alinn Yaung Photography
Photo Credit - Zaw Myo Htet (galaxy)

မကြာခင်မှာ ထွက်ရှိတော့မယ့်သူမရဲ့သီချင်းအသစ်လေးဖြစ်တဲ့ "အလွမ်းရာသီ" ဆိုတဲ့ သီချင်းလေးမှာ နှစ်ယောက်အတူ လိုက်ဖက်ညီညီနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို ဝေမျှထားတာ ဖြစ်ပါတယ်နော်..။

စုံတွဲပုံလေးတွေ ဝေမျှရင်း Music video လေးကလည်း မကြာခင်မှာ ထွက်ရှိတော့မယ့် အကြောင်းလေးကိုလည်း နန်းဆုလေးက ပြောပြထားပါသေးတယ်နော်..။

Photo Credit - Zaw Myo Htet (galaxy)
Photo Credit - Zaw Myo Htet (galaxy)
Photo Credit - Zaw Myo Htet (galaxy)

Source - Nansu Yati Soe's Fb Page

Photo Credit - Zaw Myo Htet (galaxy)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။