ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်တဲ့ ဇာတ်ပို့သရုပ်ဆောင်ရဲလေးမကို ပရိသတ်ကြီးသိကြမယ်ထင်ပါတယ်နော်။ ကျရာဇာတ်ရုပ်ကိုပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် ကိုယ်ပိုင်သမ္မာအာဇီ၀လုပ်ငန်းလေးလည်းလုပ်ကိုင်နေတာဖြစ်ပါတယ်။ ရိုးသားပွင့်လင်းပြီးအလုပ်ကြိုးစားတဲ့ရဲလေးမကို ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းကပါချစ်ခင်ကြတာဖြစ်ပါတယ်။

Photo credit - Ye Lay Ma's fB account

စကားပြောဖော်ရွေလွန်းပြီး စိတ်ထားကောင်းတဲ့ ရဲလေးမက လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားတာပဲ ဖြစ်ပါတယ်။ ပရဟိတ လုပ်ငန်းတွေမှာလည်း တက်အားသရွေ့လုပ်ဆောင်တတ်တဲ့ ရဲလေးမကို မြင်သူတိုင်းက အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်။ ယနေ့မှာလည်း ရဲလေးမက လမ်းမှာ အမှတ်မထင် တွေ့ဆုံတဲ့ အဖွားအိုနဲ့ ကလေးတွေကို အလှူဒါနလေး ပြုလုပ်လိုက်တာပါနော်။

Photo credit - Ye Lay Ma's fB account
Photo credit - Ye Lay Ma's fB account

ရဲလေးမက သူရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ " ကောင်းမှုတစ်ခု အတွက်အဖွားတစ်ယောက်နဲ့ ကလေးတွေကိုဒါနလေးတက်နိုင်သလောက်ပြုခဲ့ပါတယ်လို့နော် သာဓုခေါ်ပေးအုံးနော် " ဆိုတဲ့ စာသားလေးနဲ့ အတူ အလှူပြုနေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေလည်း ရဲလေးမရဲ့ အလှူပြုပုံရိပ်လေးတွေကို ကြည့်ပြီး သာဓုခေါ်ပေးခဲ့ကြပါအုန်းနော်။  

Photo credit - Ye Lay Ma's fB account
Photo credit - Ye Lay Ma's fB account

Source & Photo credit - Ye Lay Ma's fB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။