မင်းသမီး ဆောင်းယွန်းစံ ဟာ ဆိုရင် အနုပညာလောကထဲကို အကယ်ဒမီ ရွှေကြိုအဖြစ် အားဖြည့်ပါဝင်ရင်း နောက်ပိုင်းမှာ အနုပညာလမ်းခရီးကို အကောင်းဆုံး လျှောက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ ဆောင်းယွန်းစံ ကတော့ လတ်ရှိ ဗီဒီယို ဇာတ်ကားတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်နေသလို Photo Shooting တွေကိုလည်း ရိုက်ကူးနေသူပဲဖြစ်ပါတယ် ။ ဒါ့အပြင် အနုပညာနယ်ပယ်မှာ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားလုပ်ကိုင်နေတဲ့သူပဲဖြစ်ပါတယ်။

Photo Credit - Thu Rein
Photo Credit - Thu Rein

သူမဟာ ဖြူဖွေးနုဖက်နေတဲ့ အသားရည်လေးတွေအပြင် ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ် အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ဝတ်စားဆင်ယဉ်မှုတွေမှာလည်း ခေတ်ပေါ်ဖက်ရှင်လေးတွေအပြင် မြန်မာဆန်ဆန် ဖက်ရှင်ဝတ်စုံတွေကို လိုက်ဖက်မှုရှိအောင် ဝတ်ဆင်တတ်တာကို တွေ့ရပါတယ်။ မကြာခဏဆိုရင်လည်း ဆောင်းယွန်းစံ က ပရိသတ်တွေအတွက် သူမရဲ့ ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြပေးတာတွေ့ရပါတယ်။ယခုတစ်မှာတော့ မင်းသမီး ဆောင်းယွန်းစံ က မြင်သူတိုင်း ငေးမောသွားရလောက်မယ့် အသည်းယားစရာပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Thu Rein
Photo Credit - Thu Rein

ဒီပုံလေးတွေထဲမှာတော့ ဆောင်းယွန်းစံ က မြန်မာဆန်ဆန် ဖက်ရှင်ဝတ်စုံလေးဝတ်ထားကာ ချစ်စရာအမူအရာလေးတွေနဲ့ ပရိသတ်ချစ်အားပိုအောင်ဖမ်းစားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ပါးဖောင်းဖောင်းလေး နဲ့ အသည်းယားစရာ အပြုံးချိုချိုလေးတွေကတော့ ပရိသတ်တွေ အချစ်ပိုစေမှာအမှန်ပါနော်။ ကဲ....ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ရိုးရိုးယဉ်ယဉ်လေးနဲ့ လှရက်လွန်းနေတဲ့ မင်းသမီးဆောင်းယွန်းစံရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Thu Rein

Source - Saung Yoon San's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။