အဆိုတော်တစ်ဦးအဖြစ် အောင်မြင်ခဲ့ရုံသာမက သရုပ်ဆောင်အဖြစ်ပါ အကယ်ဒမီဆုကို သိမ်းပိုက်ထားသူကတော့ မင်းသားချော ထွန်းထွန်းပဲ ဖြစ်ပါတယ် ။ တစ်ချိန်က Examplez အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ထွန်းထွန်းက လက်ရှိမှာတော့ သရုပ်ဆောင်ပိုင်းကို ပိုမိုဦးစားပေးလုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ အခုဆိုရင် ထွန်းထွန်းက သီချင်းဗီဒီယိုတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးပြီး အောင်မြင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Htin Aung Tun's FB Acc
Photo Credit-Htin Aung Tun's FB Acc
Photo Credit-Htin Aung Tun's FB Acc

အခုလိုပိတ်ရက်မှာတော့ ထွန်းထွန်းတစ်ယောက် ချစ်ရတဲ့အနုပညာညီအစ်ကိုတွေနဲ့အတူ တပျော်တပါးကြီး ခရီးထွက်နေတာပဲ ဖြစ်ပါတယ် ။ ထွန်းထွန်းက ကျော်ကျော်ဗိုလ်၊မင်းမော်ကွန်းတို့နဲ့အတူ ပိတ်ရက်မှာ စိတ်ပြေလက်ပျောက် ခရီးထွက်လာခဲ့တာ ဖြစ်ပါတယ် ။ မနေ့ကတော့ ထွန်းထွန်းတို့သူငယ်ချင်းသုံးယောက်က ဆိုင်ကယ်တစ်စီးစီနဲ့ခရီးထွက်ခဲ့ကြပြီး ရွှေအင်းတိန်ဘုရားကို ဖူးမြော်ခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Htin Aung Tun's FB Acc
Photo Credit-Htin Aung Tun's FB Acc

ဒီနေ့မှာလည်း ထွန်းထွန်းက ဘဝသံသရာတံတားကိုသွားရောက်လည်ပတ်ရင်း အနုပညာညီအစ်ကိုတွေနဲ့ အမှတ်တရပုံလေးတွေ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ ထွန်းထွန်းတို့သူငယ်ချင်းသုံးယောက်ကတော့ ဘဝသံသရာတံတားမှာ စတိုင်အပြည့်နဲ့ ဓာတ်ဖမ်းခဲ့ကြတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ထွန်းထွန်း၊မင်းမော်ကွန်းနဲ့ ကျော်ကျော်ဗိုလ်တို့ရဲ့ခရီးသွား အမှတ်တရပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Htin Aung Tun's FB Acc

Photo Credit-Htin Aung Tun's FB Acc
Photo Credit-Htin Aung Tun's FB Acc
Photo Credit-Htin Aung Tun's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။