တစ်ခေတ်တစ်ခါက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းခံခဲ့ရတာ ဖြစ်ပါတယ် ။ ယနေ့တိုင်အောင် ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ရရှိနေဆဲဖြစ်တဲ့ ဝါဝါဝင်းရွှေက သက်ရှည်ကျန်းမာပြီး နုပျိုနေဆဲပဲ ဖြစ်ပါတယ် ။ ဝါဝါဝင်းရွှေက အနုပညာအလုပ်တွေကို ရပ်နားထားခဲ့ပေမယ့်လည်း လူမှုကွန်ယက်ကတစ်ဆင့် ပရိသတ်တွေနဲ့ ရင်းနှီးမှုရရှိနေတာ ဖြစ်ပါတယ် ။

Photo Credit-Wa Wa Win Shwe's FB Acc
Photo Credit-Wa Wa Win Shwe's FB Acc
Photo Credit-Wa Wa Win Shwe's FB Acc
Photo Credit-Wa Wa Win Shwe's FB Acc

အသက်အရွယ်ရပေမယ့်လည်း မပျက်စီးသေးတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ အန်တီဝါကတော့ အပြုံးချိုချိုလေးတွေနဲ့ ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ အန်တီဝါက ချစ်ရတဲ့မိသားစုနဲ့အတူ ကလောမြို့လေးကို အပန်းဖြေခရီးထွက်နေတာပဲ ဖြစ်ပါတယ် ။ မိသားစုခရီးစဥ်လေးမှာ ပျော်ရွှင်နေတဲ့ အန်တီဝါက လူငယ်လေးတစ်ယောက်လို ဖက်ရှင်ကျကျလှပနေတာလည်း ဖြစ်ပါတယ် ။

Photo Credit-Wa Wa Win Shwe's FB Acc
Photo Credit-Wa Wa Win Shwe's FB Acc
Photo Credit-Wa Wa Win Shwe's FB Acc
Photo Credit-Wa Wa Win Shwe's FB Acc

အန်တီဝါက "အေးမြတဲ့လေကို ဝအောင်ရှူရင်း တောင်ပေါ်မြို့လေးမှာ မိသားစုနဲ့အပန်းဖြေနေပါတယ်။ ခရီးထွက်တာအင်မတန်ကြိုက်တဲ့ ဒယ်ဒီကိုတော့ ရင်ထဲကဖျောက်မရသလို ချစ်ပရိသတ်ကြီး နဲ့ We Love များကိုလည်းသတိရနေပါတယ်" ဆိုပြီး ပုံလေးတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်စရာကောင်းတဲ့မြေးမချောလေးတွေနဲ့အတူ လှသွေးကြွယ်နေတဲ့ မင်းသမီးချော ဝါဝါဝင်းရွှေရဲ့ခရီးသွားပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Wa Wa Win Shwe's FB Acc

Photo Credit-Wa Wa Win Shwe's FB Acc
Photo Credit-Wa Wa Win Shwe's FB Acc
Photo Credit-Wa Wa Win Shwe's FB Acc
Photo Credit-Wa Wa Win Shwe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။